စပိန်မီးတောင် ဒေါ်လာသန်းပေါင်းများစွာ  ဆုံးရှုံး

 

 

မက်ဒရစ် ဒီဇင်ဘာ ၆
စပိန်နိုင်ငံ လာပါးမားကျွန်းရှိ Cumbre Vieja မီးတောင်မှာ ဆက်လက်လှုပ်ခတ် နေဆဲဖြစ်ပြီး မီးတောင်ပေါက်ကွဲမှုကြောင့် ခန့်မှန်းခြေအားဖြင့် အမေရိကန် ဒေါ်လာ ၉၅၃ သန်း ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည်ဟု   ကနေရီကျွန်းစု ဘဏ္ဍာရေး ဌာနက ပြောသည်။ 
စက်တင်ဘာ ၁၉ ရက်တွင် မီးတောင်ပေါက်ကွဲမှုဖြစ်ပေါ်ပြီး နောက်ပိုင်း ၁၁ လကြာသည့်တိုင် ငြိမ်သက်သွားခဲ့ခြင်းမရှိချေ။ မီးတောင်ပေါက်ကွဲမှုကြောင့် လာပါးမားကျွန်း  ၁ ဒသမ ၁၄၆ ဟတ်တာမှာ ချော်ရည်များဖြင့် ဖုံးလွှမ်းနေပြီး အဆိုပါ ပမာဏမှာ ကျွန်းစုစုပေါင်းဧရိယာ၏ ၁ ဒသမ ၆ ရာခိုင်နှုန်းရှိသည်ဟု ဂြိုဟ်တု အချက်အလက်များအရ သိရသည်။  
အဆောက်အအုံပေါင်း ၂၈၉၁ မှာလည်း ချော်ရည်များကြောင့် ပျက်စီးခဲ့ရပြီး နေအိမ်နှင့် အဆောက်အအုံပေါင်း ၂၇၉၀မှာ ပျက်စီးဆုံးရှုံးခဲ့ရသည်။ လာပါးမား ကျွန်းကိုမူ ဆက်လက်ဖွင့်ထားဆဲဖြစ်သည်။ 
ဆင်ဟွာ