စပိန်မီးတောင်ပေါက်ကွဲမှု တိုးလာသဖြင့်  ယူရို  ၂၀၆ သန်း ကူညီမည်ဟု ဝန်ကြီးချုပ် ကတိပြု

 

 

မက်ဒရစ်  အောက်တိုဘာ  ၄


လာပါးမားကျွန်းတွင်   Cumbre Vieja      မီးတောင်လှုပ်ခတ်မှု ဆက်လက်     ဖြစ်ပွားနေသဖြင့်  အဆိုပါဒေသတွင် အကူအညီပေး ရန်အတွက်    ယူရို   ၂၀၆    သန်းကို အကူအညီအဖြစ်  ပေးအပ်သွား မည်ဟု  စပိန်ဝန်ကြီးချုပ်    ပီဒရို ဆန်ချက်ဇ်က    အောက်တိုဘာ ၃ ရက်တွင်  ကတိပြု ပြောကြားခဲ့ သည်။
အကူအညီပေးရေး  အစီအစဉ် မှာ ရေပေးဝေမှု၊ ခရီးသွားကဏ္ဍနှင့်  အခြေခံအဆောက်အအုံများတွင်အကူအညီပေးရန်အတွက်    ရည် ရွယ်ထားခြင်းဖြစ်ပြီး အောက်တို ဘာ ၅ ရက်တွင်    ပြုလုပ်မည့် အစိုးရ    အဖွဲ့အစည်းအဝေးတွင်  အတည်ပြုနိုင်ရေးအတွက်  ရည် မှန်းထားသည်။     ဖြစ်နိုင်သမျှ မြန်မြန်   လုပ်ဆောင်သွားမည်ဟု လည်း  စပိန်ဝန်ကြီးချုပ်က   ပြော သည်။
ကျွန်းသို့    အလည်လာသည့် ခရီးသွားများနှင့် ဒေသခံများ စိတ် ပိုင်းဆိုင်ရာ    လုံခြုံရေးအတွက် ဆောင်ရွက်     သွားမည်ဟုလည်း ၎င်းက     ဆက်လက်ပြောကြား သည်။    စပိန်ဝန်ကြီးချုပ်သည်  အဆိုပါကျွန်းသို့ အောက်တိုဘာ ၃ ရက်တွင်     တတိယအကြိမ် အဖြစ် လာရောက်ခဲ့ပြီး မီးတောင် လှုပ်ခတ်နေသည်မှာလည်း  ၁၅ ရက်  ရှိနေပြီဖြစ်သည်။ 
မီးတောင်လှုပ်ခတ်မှုကြောင့်လူပေါင်း ၆၀၀၀ ဝန်းကျင်ကို ဘေး လွတ်ရာသို့  ပြောင်းရွှေ့ပေးခဲ့ရပြီး နေအိမ်ပေါင်း   ၁၀၀၀   ကျော် ပျက်စီးခဲ့ရသည်။    မီးတောင် လှုပ်ခတ်မှု  အခြေအနေများမှာ  အောက်တိုဘာ  ၂ ရက်  ညပိုင်းတွင် ပိုမိုတိုးလာခဲ့သည်ဟုလည်း  သိရ သည်။                    
    ဆင်ဟွာ