စပိန်နိုင်ငံ၌ ကိုဗစ်-၁၉  နောက်ထပ်ကူးစက်ခံရသူ  ၄၉၈၀၂ ဦး ထပ်မံတွေ့ရှိ  

 

 

မက်ဒရစ် ဒီဇင်ဘာ ၁၄
ပြီးခဲ့သည့် ၇၂ နာရီအတွင်း စပိန်နိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄၉၈၀၂  ဦးရှိပြီး သေဆုံးသူ ၁၀၃ ဦးရှိသည်ဟု စပိန်ကျန်းမာရေးဝန်ကြီး ဌာနက ပြောသည်။ 
စပိန်နိုင်ငံ၌  ပြီးခဲ့သည့်သီတင်းပတ်အတွင်း အသက် ၅ နှစ်မှ ၁၁ နှစ်ကြား  ကလေးများကို   ကိုဗစ်-၁၉   ကာကွယ်ဆေးထိုးပေးရန် အတည်ပြုပေးခဲ့သည်။ ကူးစက်မှု များပြားလာသည့်အတွက် ယခုလို အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။
စပိန်နိုင်ငံ၌  ဖြစ်ပေါ်သည့်  ကူးစက်မှုများ၏  ၉၇  ရာခိုင်နှုန်းမှာ ဒယ်လ်တာဗိုင်းရပ်စ်၏  ကူးစက်မှုကြောင့်ပင်ဖြစ်သည်။   ကိုဗစ်-၁၉ မျိုးကွဲ အိုမီခရွန်ကူးစက်မှုများလည်း တွေ့ရှိလာရကြောင်း သိရသည်။
ဆင်ဟွာ