စပိန်တင်းနစ်ကျော် ရာဖေးနာဒယ် ကိုဗစ်-၁၉ ကူးစက်

 

 

မက်ဒရစ် ဒီဇင်ဘာ ၂၀ 
စပိန်တင်းနစ်အကျော်အမော်     ရာဖေး နာဒယ်က စပိန်သို့ ဆိုက်ရောက်ချိန်တွင် ကိုဗစ်-၁၉   ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု        ဒီဇင်ဘာ ၂၀ ရက်က ပြောကြားလိုက်သည်။ 
လွန်ခဲ့သောသီတင်းပတ်က    အဘူ ဒါဘီတွင်    ခြေထောက်ဒဏ်ရာရရှိခဲ့ပြီး မွေးရပ်မြေသို့ပြန်လာစဉ် ထိုသို့  တွေ့ရှိခဲ့ ခြင်းဖြစ်သည်။ 
အဘူဒါဘီတွင်ကစားပြီး အိမ်ပြန်လာ စဉ်   ပီစီအာရ်စစ်ဆေးမှုဖြင့် ကိုဗစ်-၁၉ စစ်ဆေးတွေ့ရှိခဲ့ကြောင်း နာဒယ်က ပြော ကြားခဲ့သည်။ အဆင်မပြေသည့်   အခြေ အနေတစ်ခုကို   ဖြတ်ကျော်ရဦးမည်ဖြစ် ကြောင်း၊  သို့သော်လည်း တဖြည်းဖြည်း ချင်း   နည်းနည်းစီ တိုးတက်လာမည်ဟု ယုံကြည်ကြောင်း၊      လတ်တလော နေအိမ်တွင်     ကန့်သတ်စောင့်ကြည့်မှုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊  မိမိနှင့် ထိတွေ့ခဲ့သူများအား    ယခုလို ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနေကြောင်း   ပြောကြား မည်ဖြစ်ကြောင်း   လူမှုမီဒီယာပေါ်တွင် နာဒယ်က ရေးသားမျှဝေခဲ့သည်။ 
အားကစားပွဲ       အစီအစဉ်များကို အဆင်ပြေအောင်     လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊      မိမိတိုးတက်မှုအပေါ် မူတည်ပြီး ရွေးချယ်စရာများ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း   နာဒယ်က   ပြော သည်။                        ဆင်ဟွာ