CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက စစ်ရေးနှင့် မသက်ဆိုင်သော အရပ်ဘက်ပစ်မှတ်များအား ပစ်ခတ်

 

နေပြည်တော် ဒီဇင်ဘာ  ၂၄


CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ယနေ့နံနက် ၆ နာရီ ၁၀ မိနစ်ခန့်တွင်   စစ်ရေးနှင့်မသက်ဆိုင်သော အပြစ်မဲ့ ခရီးသွား ပြည်သူများအား   နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။ 

 


ဖြစ်စဉ်မှာ တနင်္သာရီတိုင်းဒေသကြီး  မြိတ်မြို့မှ ထွက်ခွာလာသော ခရီးသည်တင် Express ယာဉ် လေးစီးနှင့် ၁၂ ဘီး ကုန်တင်ယာဉ် တစ်စီး တို့အား သရက်ချောင်းမြို့နယ် ပြင်ဖြူကြီးကျေးရွာ၏ အနောက်မြောက် ဘက် မီတာ ၃၀၀၀ ခန့်အကွာ မြိတ် - ထားဝယ်သွား ကားလမ်း မိုင်တိုင် အမှတ်(၂၇)နေရာ၌ CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက် သမားများက လက်လုပ်ဆွဲမိုင်းများဖြင့် ဖောက်ခွဲ၍ လက်နက်ငယ်များ ဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊  ထိုသို့ ပစ်ခတ်တိုက်ခိုက် ခဲ့ခြင်းကြောင့် ၁၂ ဘီးကုန်တင်ယာဉ်မှာ တိမ်းမှောက်ခဲ့ပြီး ခရီးသည်တင် Express ယာဉ်များတွင်    လက်နက်ငယ်   ကျည်ထိမှန် ပျက်စီးခဲ့ကာ ခရီးသွားပြည်သူ အမျိုးသားတစ်ဦးသေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာ များ ရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရ ပြည်သူများကို ထားဝယ်မြို့ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ  ဆောင်ရွက် ပေးလျက်ရှိ ကြောင်း သိရသည်။

 


ယခုကဲ့သို့   စစ်ရေးနှင့်  မသက်ဆိုင်ဘဲ အေးချမ်းစွာ ခရီးသွားလာ လျက်ရှိသည့် အများပြည်သူများ၏ အသက်အန္တရာယ် ထိခိုက်သေကျေ နိုင်သည်အထိ စက်ဆုပ်ရွံရှာဖွယ် အကြောင်းမဲ့ နှောင့်ယှက်ပစ်ခတ်ခဲ့သည့် CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများကို ချေမှုန်းနိုင် ရေး   လုံခြုံရေးတပ်ဖွဲ့ဝင်များက   ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်း၊ ဖြစ်စဉ် ဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ စေလွှတ်၍ ဆုတ်ခွာသွား သော   အကြမ်းဖက်သမားများနောက်သို့   လိုက်လံချေမှုန်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ခရီးသွားပြည်သူများ အေးချမ်းစွာ သွားလာနိုင်ရေးအတွက် လုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။           

  သတင်းစဉ်