စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ

 

နေပြည်တော်    ဇူလိုင်  ၂၆


မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာအကြီးအကဲများ အစည်း အဝေး     (4th   BIMSTEC National    Security     Chiefs’ Meeting) ကို  ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်ရှိ    M Gallery  ဟိုတယ်၌ ကျင်းပသည်။


အစည်းအဝေးသို့ အမျိုးသား လုံခြုံရေးဆိုင်ရာ  အကြံပေးပုဂ္ဂိုလ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး  ဝန်ကြီးဌာန (၁)   ပြည် ထောင်စုဝန်ကြီး    ဗိုလ်ချုပ်ကြီး မိုးအောင် ၊   အမျိုးသားလုံခြုံရေး ဆိုင်ရာ အကြီးအကဲများဖြစ်ကြ သည့်  အိန္ဒိယနိုင်ငံမှ   H.E. Shri Ajit Doval ၊  ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Ambassador Abdul Motaleb Sarker ၊   ဘူတန်နိုင်ငံမှ   Mr. Sonam Wangyel  ၊ နီပေါနိုင်ငံမှ H.E. Mr. Harishchandra Ghimire ၊ သီရိလင်္ကာနိုင်ငံမှ General Kamal Gunaratne(Retd)  WWV  RWP RSP  USP  Ndc  psc  MPhil  ၊  ထိုင်းနိုင်ငံမှ   H.E. Mr. Ruchakorn NAPAPORNPIPAT ၊    ဘင်းမ် စတက်အတွင်းရေးမှူးချုပ်   H.E. Mr. Indra Mani Pandey  ၊ ဘင်းမ် စတက်       အဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်     အရာရှိကြီးများနှင့် တာဝန်ရှိသူများ     တက်ရောက် ကြသည်။


ဦးစွာ စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် အမျိုးသားလုံခြုံရေး ဆိုင်ရာ အကြီးအကဲများ အစည်း အဝေး     သဘာပတိအမျိုးသား လုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး  ဝန်ကြီးဌာန  (၁)    ပြည် ထောင်စုဝန်ကြီး     ဗိုလ်ချုပ်ကြီး မိုးအောင်က    အဖွင့်အမှာစကား ပြောကြားသည်။


နိုင်ငံအလိုက်ရှင်းလင်းပြောကြား


ထို့နောက်     ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများ        ဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊  ဘူတန်၊   အိန္ဒိယ၊ မြန်မာ၊  နီပေါ၊  သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့မှ  အမျိုးသားလုံခြုံ ရေးဆိုင်ရာ      အကြီးအကဲများ က  ဘင်္ဂလားပင်လယ်အော်ဒေသ အတွင်း လုံခြုံရေးဆိုင်ရာ  သမား ရိုးကျစိန်ခေါ်မှုများနှင့် သမားရိုးကျ မဟုတ်သော       စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် အတူတကွ ပေါင်းစည်း   ဖြေရှင်းနိုင်ရေးနှင့် စပ်လျဉ်းသည့်  ကြေညာချက်များ ကို    နိုင်ငံအလိုက်     ရှင်းလင်း ပြောကြားကြသည်။


ယင်းနောက်   အိမ်ရှင်မြန်မာ နိုင်ငံမှ  ကိုယ်စားလှယ်တစ်ဦးက ယမန်နေ့က    ကျင်းပခဲ့သည့် စတုတ္ထအကြိမ်မြောက်  ဘင်းမ် စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ   အစည်းအဝေး အတွက်   အကြိုညှိနှိုင်းအစည်း အဝေးမှ      ထွက်ပေါ်လာသည့် တင်ပြချက်များနှင့်   စပ်လျဉ်း၍ လည်းကောင်း၊    ဘင်းမ်စတက် အတွင်းရေးမှူးချုပ်က   အကြမ်း ဖက်မှုနှိမ်နင်းရေးနှင့်   နိုင်ငံဖြတ် ကျော်မှုခင်းဆိုင်ရာ     ကဏ္ဍခွဲနှင့် အမျိုးသားလုံခြုံရေးနှင့် သက်ဆိုင် သည့်ကဏ္ဍများအလိုက်  တိုးတက် မှုအခြေအနေများကို     သုံးသပ် ရှင်းလင်းတင်ပြကြသည်။


ရင်းနှီးပွင့်လင်းစွာဆွေးနွေး


ဆက်လက်၍  ဘင်းမ်စတက် အမျိုးသား    လုံခြုံရေးဆိုင်ရာ အကြီးအကဲများက   အကြမ်းဖက် မှုတိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး    လုပ်ငန်းစဉ်များ၊ ရေကြောင်းလုံခြုံရေးဆိုင်ရာများ နှင့်    ဆိုက်ဘာလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ၊  သက်ဆိုင်ရာ လုံခြုံ ရေးကဏ္ဍအလိုက်  ထိရောက်သည့် သတင်းအချက်အလက်များ    ပိုမို ပူးပေါင်းမျှဝေနိုင်ရေး၊  ဒေသတွင်း လက်ရှိဖြစ်ပေါ်နေသည့် လုံခြုံရေး ဆိုင်ရာအခြေအနေ၊ ကြုံတွေ့လာ နိုင်သည့် လုံခြုံရေးဆိုင်ရာ စိန်ခေါ် မှုများအတွက်    ကြိုတင်ပြင်ဆင် ထားရှိရမည့်          အခြေအနေနှင့် အကောင်အထည်ဖော် ဆောင်ရွက် ကြရမည့် နည်းလမ်းများကို  ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။


ပူးပေါင်းဆောင်ရွက်


ထို့နောက်  ဆွေးနွေးချက်များ အပေါ်  အစည်းအဝေးသဘာပတိ ပြည်ထောင်စုဝန်ကြီး  ဗိုလ်ချုပ်ကြီး မိုးအောင်က  ဒေသတွင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့်  စပ်လျဉ်း၍ ဦးစားပေး အကောင်အထည်ဖော် ရမည့်အချက်များနှင့်    အနာဂတ် တွင် အဖွဲ့ဝင်နိုင်ငံများအချင်းချင်း ပိုမိုထိတွေ့ပူးပေါင်းဆောင်ရွက်ရ မည့်အချက်များကို       ပြန်လည် သုံးသပ်ဆွေးနွေးပြီး  နိဂုံးချုပ်အမှာ စကားပြောကြားရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ် မှူးကြီး      မင်းအောင်လှိုင်၏ တိုက်တွန်းချက်ဖြစ်သည့် ဘင်းမ် စတက်နိုင်ငံများ၏     လုံခြုံရေး ပူးပေါင်း     ဆောင်ရွက်မှုများတွင် ဒေသတွင်း  စားရေရိက္ခာဖူလုံရေး (Food Security) နှင့်  စွမ်းအင် လုံခြုံမှု (Energy Security) တို့ အတွက် နိုင်ငံအချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုမှသည် ပြည်သူလူထု အသီးသီး၏  လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအထိ အထောက်အပံ့ ဖြစ်စေရေး  ပူးပေါင်းဆောင်ရွက် ကြရေး   အလေးထားဆောင်ရွက် နိုင်ရန် ပြောကြားခဲ့သည်။


အစည်းအဝေး    အပြီးတွင် စတုတ္ထအကြိမ်မြောက်    ဘင်းမ် စတက်       အမျိုးသားလုံခြုံရေး ဆိုင်ရာ အကြီးအကဲများ အစည်း အဝေး     သဘာပတိ    အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး   ဝန်ကြီးဌာန (၁)  ပြည် ထောင်စုဝန်ကြီး     ဗိုလ်ချုပ်ကြီး မိုးအောင်သည်  အစည်းအဝေးသို့ တက်ရောက်လာကြသည့်   ဘင်းမ် စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ၊   ဘင်းမ်စတက် အတွင်းရေးမှူးချုပ်တို့နှင့်အတူ    စုပေါင်းမှတ်တမ်းတင်   ဓာတ်ပုံ ရိုက်ကြသည်။

သတင်းစဉ်