
ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ၏
ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄)သို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော် ဇွန် ၂၇
ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄)ကို ယနေ့ နံနက်ပိုင်းတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၃) ညီလာခံခန်းမ၌ကျင်းပရာ ဒစ်ဂျစ်တယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီ နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ဒစ်ဂျစ်တယ်စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ကော်မတီအဖွဲ့ဝင်များ၊ ဆပ်ကော်မတီငါးခုမှ ဥက္ကဋ္ဌနှင့် အတွင်း ရေးမှူးများ၊ DEDC joint Task Force မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။
ချိတ်ဆက်တိုးတက်လာနိုင်မည်
ဦးစွာ ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကော်မတီနာယက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ဒစ်ဂျစ်တယ် နည်းပညာကို အကျိုးရှိရှိ အသုံးပြုပြီး အုပ်ချုပ်ရေး၊ အခြေခံအဆောက်အဦနှင့် ကုန်သွယ်ရေး၊ ပညာရေး၊ လူမှုရေး အစ ရှိသည့်နယ်ပယ်အသီးသီးတွင် ဒစ်ဂျစ်တယ် အသွင်ကို ဟန်ချက်ညီညီ ကူးပြောင်း ဆောင်ရွက်ကြခြင်းအားဖြင့် နိုင်ငံ၏ Digital Economy ကို ဖွံ့ဖြိုးတိုးတက် လာစေပြီး The Global Value Chain ဟုခေါ်သည့် ကမ္ဘာလုံးဆိုင်ရာ တန်ဖိုး ကွင်းဆက်ကို ချိတ်ဆက်တိုးတက်လာ နိုင်မည်ဖြစ်ပါကြောင်း။
ပြုစုပျိုးထောင်ပေး
Digital Transformation လုပ်ငန်း များ အောင်မြင်ရန်အတွက် လူ့စွမ်းအား အရင်းအမြစ် (Human Capital)ကို ပြုစု ပျိုးထောင်ပေးရန် အလွန်အရေးကြီး ကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှု စီးပွားရေးကဏ္ဍစုံကို Digital Transfor-mation ဆောင်ရွက်ခြင်းဖြင့် မြန်မာ့ဒစ်ဂျစ် တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တက်လှမ်းနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာ့ ဒစ်ဂျစ်တယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင် စေမည့် မြန်မာဒစ်ဂျစ်တယ်စီးပွားရေး လမ်းပြမြေပုံ ၂၀၃၀ (အပြီးသတ်မူကြမ်း) (Myanmar Digital Economy Roadmap 2030)(Final Draft)ကို ယနေ့အစည်း အဝေးတွင် အတည်ပြုနိုင်ရေးဆွေးနွေးသွားမည်ဖြစ်ပြီး ရှေ့လုပ်ငန်းစဉ်များဖြင့် DEDC ကော်မတီ၏လုပ်ငန်းရပ်များ ပိုမို ထိရောက်အောင်မြင်စွာ အကောင်အထည် ဖော်နိုင်စေရေး အခြားအကြံပြုလိုသည် များကိုလည်း ပွင့်လင်းစွာတင်ပြပေးကြ စေလိုကြောင်းပြောကြားသည်။
ထိရောက်စွာအကောင်အထည်ဖော်
ထို့နောက် ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကော်မတီဥက္ကဋ္ဌ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ယခင်ကရေးဆွဲခဲ့သည့် မြန်မာဒစ်ဂျစ်တယ် စီးပွားရေးလမ်းပြမြေပုံအား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်ပါ စီးပွားရေးဦးတည်ချက် (၃) ရပ် နှင့်အညီ ဖြစ်စေရေး၊ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ (World Trade Organization-WTO) နှင့် ဒေသတွင်းအာဆီယံတို့ တွင် ဆွေးနွေးညှိနှိုင်းလျက်ရှိသည့် E-Commerce & Digital Economy ဆိုင်ရာကတိကဝတ်များနှင့် ကိုက်ညီစေ ရေး၊ အကောင်အထည်ဖော် ဆောင်ရွက် ရမည့် Action Plan များကို ခေတ်ကာလ နှင့်အညီ လက်တွေ့တွင် အမှန်တကယ် ထိရောက်စွာ အကောင်အထည်ဖော်နိုင် မည့်လုပ်ငန်းစဉ်များ ဖြစ်စေရေးအတွက် ပြန်လည်ပြင်ဆင်၍ မြန်မာဒစ်ဂျစ်တယ် စီးပွားရေးလမ်းပြမြေပုံ ၂၀၃၀ (အပြီးသတ် မူကြမ်း) (Myanmar Digital Economy Roadmap 2030 - Final Draft) အဖြစ် ရေးဆွဲထားပြီးဖြစ်ပါကြောင်းနှင့် အဆိုပါ လမ်းပြမြေပုံပါ လုပ်ငန်းရပ်များကို သက်ဆိုင်ရာ လုပ်ငန်းကော်မတီများ အလိုက် ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်း ကော်မတီများအလိုက် လက်ရှိဆောင်ရွက် နေမှုအခြေအနေများ၊ ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများကို ဆွေးနွေး တင်ပြစေလိုကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ လက်အောက် ရှိ လုပ်ငန်းကော်မတီ ငါးခုတို့မှ တာဝန် ရှိသူများက သက်ဆိုင်ရာလုပ်ငန်း ကော်မတီအလိုက် ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက် ပြီးစီးမှု၊ လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အခြေ အနေများနှင့် ပြန်လည်သုံးသပ်ပြင်ဆင် ရေးဆွဲထားသည့် မြန်မာဒစ်ဂျစ်တယ် စီးပွားရေးလမ်းပြမြေပုံ ၂၀၃၀ (အပြီးသတ် မူကြမ်း)နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ကြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဒစ်ဂျစ်တယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆောင်ရွက်နေမှု အခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်း တင်ပြကြရာ ကော်မတီနာယက က ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီနာယက နိုင်ငံ တော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက နိဂုံး ချုပ်အမှာစကားပြောကြားပြီး အစည်း အဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်း ရရှိသည်။
အစည်းအဝေးတွင် ပြန်လည်သုံးသပ် ပြင်ဆင်ရေးဆွဲထားသည့် မြန်မာဒစ်ဂျစ် တယ်စီးပွားရေးလမ်းပြမြေပုံ ၂၀၃၀ (အပြီးသတ်မူကြမ်း) (Myanmar Digital Economy Roadmap 2030- Final Draft) ကို Living Document အဖြစ် အတည်ပြုနိုင်ရေး ဆောင်ရွက်သွားရန်နှင့် ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ၏ ရှေ့ဆက်လက်ဆောင်ရွက် မည့်လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်