ဒေသတွင်းနိုင်ငံများကို အာဖဂန်နစ္စတန်အကျပ်အတည်း ဝိုင်းဝန်းဖြေရှင်းပေးရန် အီရန် တိုက်တွန်း

 

တီဟီရန် နိုဝင်ဘာ ၁၁ 


အီရန်ထိပ်တန်းအမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူး အလီရှမ်ခါနီက အာဖဂန်နစ္စတန်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအား အာဖဂန်နိုင်ငံအတွင်း ဖြစ်ပွားနေသော အကျပ်အတည်းများကို ဝိုင်းဝန်းဖြေရှင်းပေး ရန် နိုဝင်ဘာ ၁၀ ရက်က တိုက်တွန်းလိုက်ကြောင်း Press ရုပ်မြင်သံကြားတွင် သတင်းဖော်ပြခဲ့သည်။ 

 


အာဖဂန်နစ္စတန်နိုင်ငံ၏     လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကို ကူညီ ဖြေရှင်းရန် အီရန်နိုင်ငံသည် ဖြစ်နိုင်သည့်  ထောက်ပံ့မှု များကို   ထောက်ပံ့ရန်  အဆင်သင့်ဖြစ်နေကြောင်း ရှမ်ခါနီက အိန္ဒိယနိုင်ငံမြို့တော်  နယူးဒေလီတွင် ကျင်းပပြုလုပ်သော  အာဖဂန်နစ္စတန်ဆိုင်ရာ  ဒေသ တွင်း  လုံခြုံရေးဆွေးနွေးဖက်စကားဝိုင်းတွင်    ပြောကြားခဲ့သည်။ 

 


လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ  အကူ အညီများအပြင်    အာဖဂန်နစ္စတန်အိမ်နီးချင်းများသည်     ဆယ်စုနှစ်နှစ်စုကျော်    နိုင်ငံတွင်း  ကျူး ကျော်မှုများကြောင့်    ထိခိုက်ပျက်စီးမှုများအတွက် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များကို ကိုယ့်တာဝန် ကိုယ်ယူရန်   ဆက်လက် အားထုတ်ကြိုးပမ်းသင့် ကြောင်း ၎င်းကပြောသည်။  

 


အာဖဂန်နိုင်ငံတွင်းရှိသည့်  လူမျိုးစုများအားလုံး အတွက်  နေရာထိုင်ခင်းပေးနိုင်ရေးအတွက်လည်း လုပ်ဆောင်ဖို့လိုကြောင်း    ၎င်းက   ဆက်လက် တိုက်တွန်းပြောကြားထားသည်။ 

 


အကြမ်းဖက်အုပ်စုများရှိနေခြင်းနှင့် ဂိုဏ်းဂဏကွဲ များ၏ အန္တရာယ်က အာဖဂန်နစ္စတန်နိုင်ငံ၏ အိမ်နီး ချင်းနိုင်ငံများနှင့်   တခြားဒေသတွင်း   နိုင်ငံများကို ခြိမ်းခြောက်လျက်ရှိကြောင်း ၎င်းက သတိပေးထား သည်။                         

ဆင်ဟွာ