
နေပြည်တော် ဇွန် ၁၆
ဇွန် ၁၅ ရက် မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်း မြို့ရှိ မြို့နယ်ပြည်သူ့ဆေးရုံဝင်း အတွင်းသို့ PDF အမည်ခံအကြမ်း ဖက်သမားများ ပစ်ခတ်ခဲ့သည့် လက်လုပ်စိန်ပြောင်း ကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဆေးရုံ ဝင်းအတွင်းရှိ ဓာတ်မှန်ဆောင် အမိုးနှင့်မျက်နှာကြက်တို့ ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၁၅ ရက် မွန်းလွဲ ၁ နာရီ ၅၅ မိနစ်က ဒီပဲယင်းမြို့နယ် အတွင်းရှိ PDF အမည်ခံအကြမ်း ဖက်သမားများက အင်တန်း ကျေးရွာဘက်မှနေ၍ ဒီပဲယင်း မြို့အတွင်းသို့ လက်လုပ်စိန်ပြောင်း ဖြင့် ပစ်ခတ်ခဲ့ရာ လက်လုပ် စိန်ပြောင်းကျည်သည် တောင်ပြင် ရပ်ကွက် မြို့နယ်ပြည်သူ့ဆေးရုံ ဝင်းအတွင်းရှိ ဓာတ်မှန်ဆောင် သွပ်မိုး၊ အုတ်ကာ တစ်ထပ် ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲ ခဲ့သဖြင့် ဓာတ်မှန်ဆောင် အမိုး သွပ် သုံးချပ်နှင့် မျက်နှာကြက် နှစ်ပေခန့် ပွင့်ထွက်ပျက်စီးခဲ့ပြီး လူနှင့်စက်ပစ္စည်းများ ထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ရေးပစ်မှတ်မဟုတ် သည့် ဒေသခံပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသည့် ဆေးရုံအတွင်းသို့ လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ် ခဲ့သည့် အကြမ်းဖက်သမားများ အား နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင် များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်