ဒီပါဝလီပွဲတော် အထိမ်းအမှတ် ဆီမီးထွန်းညှိပူဇော်ပွဲ အခမ်းအနားကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ


 

ရန်ကုန် နိုဝင်ဘာ ၁၅


မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ် ဟိန္ဒူ ဖောင်ဒေးရှင်း (ဗဟို) က ကြီးမှူး ကျင်းပသည့် ဒီပါဝလီပွဲတော်အထိမ်း အမှတ် ဆီမီးထွန်းညှိပူဇော်ပွဲအခမ်း အနားကို နိုဝင်ဘာ ၁၄ ရက် ညနေ ၆ နာရီက ရန်ကုန်မြို့ ဗိုလ်တထောင် မြို့နယ် (၅၄) လမ်းရှိ အဆိုပါ ဖောင်ဒေးရှင်းရုံး ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးသိန်းလွင်၊ ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးဝင်း၊ အထွေထွေအတွင်းရေးမှူး ဦးချစ်ဝင်း၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးကျော်မင်းထွန်းနှင့် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင်များက ဆီမီးထွန်းညှိ၍ ဖွင့်လှစ်ပေးကြပြီး ဖောင်ဒေးရှင်း ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြား သည်။
ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၏ သဝဏ်လွှာကို ဗဟိုအလုပ် အမှုဆောင် ဦးဆန်းမင်းနိုင်က ဖတ်ကြားသည်။
ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၏ ဒီပါဝလီ အထိမ်းအမှတ် မေတ္တာဩဝါဒကို Video Message ဖြင့် ဆုတောင်းပေး ခြင်းကို ဖွင့်လှစ်ပြသသည်။
ထို့နောက် အထွေထွေအတွင်း ရေးမှူးက တမီလ် ဘာသာဖြင့် အသင်း ၏ လုပ်ဆောင်ချက်အကျဉ်းနှင့် ကျေးဇူး တင်စကားပြောကြားပြီး တက်ရောက် လာကြသူများက ဆုတောင်းမေတ္တာ ပို့သကြသည်။ သတင်းစဉ်