
လီဗာပူးအသင်း တိုက်စစ်ကစား သမား ဒီယေဂိုဂျိုတာသည် အန်းဖီးလ်၌ ၂၀၂၇ ခုနှစ်အထိ ရှိမည်ဖြစ်သော သက်တမ်းတိုး စာချုပ်တစ်ရပ်ကို ချုပ်ဆိုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ အသက် ၂၅ နှစ် အရွယ် ပေါ်တူဂီတိုက်စစ် ကစားသမား ဂျိုတာသည် ၂၀၂၀ ပြည့်နှစ်တွင် ဝုဖ်အသင်းမှ ပေါင် ၄၁ သန်းဖြင့် လီဗာပူးအသင်းသို့ ရောက်ရှိလာပြီးနောက် အသင်း အတွက် ၈၅ ပွဲ ပါဝင်ကစားထားပြီး ၃၄ ဂိုး သွင်းယူ ထားသည်။
၎င်းသည် ပြီးခဲ့သည့်နှစ်က လီဗာပူးအသင်းအတွက် ၂၁ ဂိုး သွင်းယူပေးထားကာ အက်ဖ်အေ ဖလားနှင့် အီးအက်ဖ်အယ်ဖလား ရရှိအောင် ကူညီပေးထားနိုင် သည်။ ထို့အပြင် ၎င်းသည် လီဗာပူးအသင်းကို ရာသီပိတ် သိမ်းချိန်တွင်လည်း ဒုတိယနေရာ ဖြင့် ရပ်တည်နိုင်အောင် ကူညီ ပေးထားနိုင်သည်။ အသင်းမှ အားထားရသည့် တိုက်စစ်မှူး မာနေးသည် ဂျာမန်ချန်ပီယံ ဘိုင်ယန်မြူးနစ် အသင်းထံသို့ ပြောင်းရွှေ့သွားပြီးနောက် ပြီးခဲ့ သည့်လတွင် တိုက်စစ်မှူး ဆာလာအန်းဖီးလ်၌ သုံးနှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ သည်။
အောင်ဇော်