
နေပြည်တော် ဩဂုတ် ၂
မြန်မာနိုင်ငံ စာရင်းကောင်စီက ကြီးမှူး၍ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင် နှင့်စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်တွင် ဖွင့်လှစ်သည့် နိုင်ငံတကာဘဏ္ဍာရေး အစီရင် ခံခြင်းစံများဆိုင်ရာ ဒီပလိုမာ သင်တန်း (Diploma in Inter-national Financial Reporting Standards- Dip IFRS) အမှတ် စဉ် (၁)၊ အပိုင်း(၂) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော် ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် မြန်မာနိုင်ငံ စာရင်းကောင်စီဥက္ကဋ္ဌ ဒေါက်တာ ခင်နိုင်ဦးက မြန်မာနိုင်ငံ စာရင်း ကောင်စီအနေဖြင့် အများပြည်သူ အကျိုးစီးပွားနှင့် သက်ဆိုင်သည့် လုပ်ငန်း၊ အဖွဲ့အစည်းများနှင့် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများ ၏ ဘဏ္ဍာရေးအစီရင်ခံခြင်းကို နိုင်ငံတကာ ဘဏ္ဍာရေးအစီရင် ခံခြင်းဆိုင်ရာ စံများနှင့်အညီ လိုက်နာရေးဆွဲ ထုတ်ပြန်ရာ တွင် လည်းကောင်း၊ ဘဏ္ဍာရေး ရှင်းတမ်းများအား စာရင်းစံဆိုင်ရာ အသိပညာ ဗဟုသုတများဖြင့် အကြံပြုချက်များ ပေးရာတွင် လည်းကောင်း၊ အစိုးရက ပိုင်ဆိုင် သော အစုရှယ်ယာများပါဝင် သော ကုမ္ပဏီများ၏ဘဏ္ဍာရေး ရှင်းတမ်းများအား စစ်ဆေးရာ တွင် စာရင်းစံများနှင့်အညီ ဖြစ်စေ ရေး စိစစ်ကြီးကြပ်ရာတွင် လည်း ကောင်း၊ စာရင်းပညာကျွမ်းကျင် သူ နိုင်ငံ့ဝန်ထမ်းများ တိုးပွားလာ စေရန်နှင့် စာရင်းပညာ ပြန့်ပွားစေ ရန် ရည်ရွယ်၍ ဤသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း။
သို့ပါ၍ သင်တန်းသားများ အနေဖြင့် ယခုသင်တန်းမှ ပို့ချ သည့် သင်ခန်းစာများကို မိမိတို့ ဌာန၏ လုပ်ငန်းခွင်တွင် လက်တွေ့ပြန်လည် အသုံးချနိုင် ရန်နှင့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး အစီရင်ခံမှုစနစ် ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် သေချာစွာ ကြိုးစားသင်ယူမှတ်သားလေ့လာကြစေလိုပါကြောင်း တိုက်တွန်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး အဆင့်မြင့် စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း ကျောင်း နေပြည်တော်သင်တန်း ကျောင်းတာဝန်ခံက သင်တန်း ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် IFRS ခေါင်းစဉ် ၁၀ ခု ပို့ချမည်ဖြစ်ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ သင်တန်းသား ၁၉ ဦး၊ အခြား ဝန်ကြီးဌာနများမှ သင်တန်းသား ၄၄ ဦး၊ စုစုပေါင်း ၆၃ ဦးကို ဩဂုတ် ၁ ရက်မှ နိုဝင်ဘာ ၂၉ ရက်အထိ သင်တန်းကာလ (၄) လကြာ ဖွင့်လှစ်မည်ဖြစ်ပြီး အပိုင်း (၂) သင်တန်းအောင်မြင်သူများ အနေ ဖြင့် အပိုင်း(၃) သင်တန်းသို့ ဆက် လက် တက်ရောက်နိုင်မည်ဖြစ် ကာ အပိုင်း(၃)သင်တန်းအထိ အောင်မြင်ပြီးမြောက်သူများကို ဒီပလိုမာဘွဲ့ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနား သို့ မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌများ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများ၊ သင်တန်း ကထိကများနှင့် သင်တန်းသား များ တက်ရောက်ကြပြီး မြန်မာ နိုင်ငံစာရင်းကောင်စီမှ တာဝန် ရှိသူများက Online ဖြင့် တက် ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်