
တောင်ငူ ဩဂုတ် ၁၀
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် တောပုကျေးရွာအုပ်စု ကြက်ရိုးပင်(အနောက်) ကျေးရွာတွင် ဒို့ကျေးရွာရွေ့လျားစာကြည့်တိုက် ဖွင့်ပွဲကို ဩဂုတ် ၉ ရက် နံနက်ပိုင်းက စာကြည့်တိုက်၌ ကျင်းပရာ စာကြည့်တိုက်ဆိုင်းဘုတ်ကို စာရေးဆရာကြီး ဒေါက်တာမြသောင်း (သောင်းကေတု) နှင့် Mobile Education Library က ဆရာမျိုးသူတို့ က အောင်သပြေပန်းနှင့် အမွှေးနံ့သာများပက်ဖျန်းကာ စာပေရေးရာများ နှင့် ဗဟုသုတဖြစ်ဖွယ်အကြောင်းအရာများကို ဟောပြောပြီး ရပ်မိ ရပ်ဖ ဦးဝင်းမြင့်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ဖွင့်ပွဲအခမ်းအနားသို့ ကျေးရွာအုပ်စု ရပ်မိရပ်ဖများ၊ စာပေပညာ ဝါသနာပါသူများနှင့် ကျောင်းသူ ကျောင်းသားများ တက်ရောက်ခဲ့ကြပြီး စာကြည့်တိုက်သို့ လှူဒါန်းလိုသူများအနေဖြင့် ၀၉-၉၆၄၂၄၁၉၉၈ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။ ၀၄၈