ဒိုက်ဦးဗဟိုအကျဉ်းထောင်တွင် လောက်ကိုင် ဒကစမှူးဟောင်း ထောင်တွင်း၌ သေကြောင်းကြံစည်ကြောင်း Irrawaddy သတင်းဌာနက မဟုတ်မမှန်ရေးသားဖော်ပြ

 

နေပြည်တော်    ဩဂုတ်   ၁၀
The Irrawaddy-Burmese Edition အမည်ရှိ Facebook Page တွင်   ဩဂုတ် ၅  ရက်က   “လောက်ကိုင်   ဒကစမှူးဟောင်း ထောင်တွင်း၌ သေကြောင်းကြံစည်” ခေါင်းစဉ်ဖြင့်   သတင်းတု၊ သတင်းမှားမဟုတ်မမှန် ရေးသားဖော်ပြခဲ့ကြောင်း တွေ့ရှိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ အကျဉ်းထောင်တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ အကျဉ်းသားသည် အကျဉ်းထောင်ရောက်သည့် နေ့မှစ၍   ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး   အကျဉ်းသားကို  ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းကမ်းအတိုင်းသာ ထားရှိကြောင်း၊ ၎င်းထားရှိသည့် တိုက်ခန်းအတွင်း၌  တားမြစ်ပိတ်ပင်ပစ္စည်းများ မရှိစေရေး နေ့စဉ် ထောင်ဖွင့်၊ ထောင်ပိတ် ရှာဖွေရေးများ ပြုလုပ် လျက်ရှိပြီး အကျဉ်းသားသည် စိတ်ဓာတ်ကျဆင်းသည့် နေထိုင်မှု ပုံစံမရှိဘဲ ကျန်းမာစွာနေထိုင်လျက်ရှိကာ မိမိကိုယ်ကို  သတ်သေရန် ကြံစည်မှုမျိုးလည်း မရှိကြောင်း သိရသည်။
ထို့ကြောင့် Irrawaddy အမည်ခံ Facebook Page က ဖော်ပြမှု သည် ပြည်သူအများ အကျဉ်းထောင်၏ လုပ်ရိုးလုပ်စဉ် လုပ်ငန်းများ ကို ထင်ယောင်ထင်မှားဖြစ်စေလိုသော ရည်ရွယ်ချက်ဖြင့် အထင် အမြင်လွဲမှားစေရန်   မဟုတ်မမှန်လုပ်ကြံရေးသားထားခြင်းသာ ဖြစ်သည်။
ကိုဖြိုး