ဒဏ်ရာကြောင့် ထရန်ဆန်ဗေးနီးယားအိုးပင်းပြိုင်ပွဲမှ ရာဒူကာနူ နုတ်ထွက်

 

ရိုမေးနီးယားနိုင်ငံ၌ ကျင်းပမည့် ထရန်ဆန်ဗေးနီးယားအိုးပင်း ပြိုင်ပွဲမှ ဒဏ်ရာကြောင့် ဗြိတိန် နံပါတ်တစ် တင်းနစ်မယ် အမ်မာ ရာဒူကာနူ    နုတ်ထွက်လိုက် ကြောင်း သိရသည်။ 

 


အသက် ၁၉ နှစ်အရွယ် ရာဒူ ကာနူသည် ယမန်နှစ်က အဆိုပါ ပြိုင်ပွဲ      ကွာတားဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်ဟု   သိရ သည်။ ရာဒူကာနူသည် ၎င်း၏ WTA ပြိုင်ပွဲပထမဆုံးတစ်နှစ် အတွင်း  ဒဏ်ရာအနာတရများ ဖြင့် ရုန်းကန်နေရသူ ဖြစ်သည်။ 

 


ထို့အပြင်   ၎င်းအနေဖြင့် မကြာခင်က ကျင်းပပြီးစီးခဲ့သည့် ကိုရီးယားအိုးပင်း  ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့ သော်လည်း    ဒဏ်ရာကြောင့် ပြိုင်ပွဲမှထွက်ခွာခဲ့ရသည်။

 


ထို့နောက်    ချက်နိုင်ငံတွင် ကျင်းပသည့်      အော့စရာဗာ အိုးပင်းပြိုင်ပွဲတွင်လည်း  ကမ္ဘာ့ အဆင့် ၆၇ ရှိ ရာဒူကာနူသည် ပထမအဆင့်၌ပင်    ပြိုင်ဘက် ရုရှား တင်းနစ်မယ်ကို  ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီ ဖြစ်သည်။

မိုးဇက် - စုစည်းသည်