
နေပြည်တော် မတ် ၁၂
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၁)ရက် မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ တက်ရောက် ခွင့်ရှိသူ ပြည်ထောင်စုလွှတ်တော်ကိုယ်စား လှယ် စုစုပေါင်း ၆၅၄ ဦးရှိသည့်အနက် ၆၃၃ ဦး တက်ရောက်ပြီး ၂၁ ဦး ခွင့်တိုင်ကြားသည်။
အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ မူကြမ်းများပါ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပုဒ်မခွဲ(က)တွင် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲ ၁၄ ခုကို စုစည်းထားသည့် ဆန္ဒမဲလက်မှတ်(၃)နှင့်စပ်လျဉ်း၍ လွှတ်တော် ၏ အဆုံးအဖြတ်ရယူခြင်းအစီအစဉ်ကို ဆောင် ရွက်သည်။
ဆန္ဒမဲလက်မှတ်များ ရေတွက်
ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက အတည်ပြု မည့် ဆန္ဒမဲလက်မှတ်များကို ရေတွက်အပ်နှံ သည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကဦးတီခွန်မြတ်က ညွှန်ကြားရေးမှူးချုပ် ယူဆောင်လာသည့် ဆန္ဒမဲလက်မှတ်အရေ အတွက် ၆၆၀ ဖြစ်ပါကြောင်း၊ ယနေ့တက် ရောက်သည့် ကိုယ်စားလှယ် ၆၃၃ ဦးဖြစ်သည့် အတွက် အပိုဆန္ဒမဲလက်မှတ် ၂၇ စောင်ကို မိမိထံတွင် ထားရှိမည်ဖြစ်ပါကြောင်း ပြောကြား သည်။
ဆက်လက်၍ သက်ဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းအဖွဲ့ (၄) ဖွဲ့ တို့က တာဝန်ပေးထားသည့် အကန့်အလိုက် နေရာယူကြသည်။
ထို့နောက် ဆန္ဒမဲလက်မှတ်များကို သက်ဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က ညွှန်ကြားရေးမှူးချုပ်ထံမှ လာရောက်ထုတ်ယူ ပြီး အကန့်အလိုက် တာဝန်ပေးထားသည့် ဝန်ထမ်းအဖွဲ့(၄)ဖွဲ့ထံသို့ အစည်းအဝေး တက်ရောက်မှုအင်အားအတိုင်း ခွဲဝေပေးသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းအောင်(ခ)ဦးထွန်း ထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက သတ်မှတ်နေရာတွင် လျှို့ဝှက်ဆန္ဒပြုခြင်း နည်းလမ်းဖြင့် ဆန္ဒမဲပေး ကြသည်။
လျှို့ဝှက်ဆန္ဒမဲပေး
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က သတ်မှတ်နေရာတွင် လျှို့ဝှက်ဆန္ဒ ပြုခြင်းနည်းလမ်းဖြင့် ဆန္ဒမဲပေးသည်။
ဆက်လက်၍ ဆန္ဒမဲပေးမှု ပြီးမြောက်ပြီး နောက် သက်ဆိုင်ရာ တာဝန်ခံများက ဆန္ဒမဲပုံး များကို လွှတ်တော်ကိုယ်စားလှယ်များ၏ ရှေ့မှောက်တွင် ဖွင့်၍ထုတ်ပေးထားသည့် ဆန္ဒမဲလက်မှတ် အရေအတွက်နှင့် ဆန္ဒမဲပုံး အတွင်းမှ ထုတ်ယူရရှိသည့်ဆန္ဒမဲလက်မှတ် အရေအတွက် အခြေအနေကို စစ်ဆေးရေတွက် သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်ကိုယ်စားလှယ်များ ထံ ထုတ်ပေးထားသည့် ဆန္ဒမဲလက်မှတ် ၆၃၃ စောင်ဖြစ်ပြီး ယခုဆန္ဒမဲပုံးအတွင်းမှ ထုတ်ယူ ရရှိသည့် ဆန္ဒမဲလက်မှတ်အရေအတွက်သည် လည်း ၆၃၃ စောင်ဖြစ်သည့်အတွက် ကိုက် ညီမှုရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ဆန္ဒမဲပေးပွဲ အထမြောက်ကြောင်း ကြေညာ သည်။
ယင်းနောက် ပုဒ်မ၊ ပုဒ်မခွဲအလိုက် ရလဒ် ရေတွက်မှုကို ဝန်ထမ်းအဖွဲ့ (၈)ဖွဲ့ဖြင့် သတ်မှတ် နေရာအသီးသီး၌ တစ်ပြိုင်တည်း ရေတွက်ကြ ရာ နိုင်ငံရေးပါတီအစုအဖွဲ့အလိုက် အမည် စာရင်းပေးထားသည့် လွှတ်တော်ကိုယ်စား လှယ်များက သတ်မှတ်အဖွဲ့နေရာများ၌ ကြီးကြပ်စောင့်ကြည့်ကြသည်။
ဆက်လက်ဆောင်ရွက်
ဆက်လက်၍ အဖွဲ့(၈)ဖွဲ့ခွဲ၍ အသေးစိတ် စိစစ်ရေတွက်မှု ပြီးမြောက်ပြီးနောက် သက်ဆိုင်ရာရုံးအဖွဲ့နှင့် နိုင်ငံရေးပါတီအစု အဖွဲ့အလိုက် ကိုယ်စားလှယ်(၅)ဦး ပါဝင်သည့် အဖွဲ့ကကြီးကြပ်ပြီး စာရင်းချုပ်နှင့် ထောက်ခံ ဆန္ဒမဲအရေအတွက် ရာခိုင်နှုန်းတွက်ချက်မှု တို့ကို ဆက်လက်ဆောင်ရွက်သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ယနေ့လွှတ်တော်၏ အဆုံးအဖြတ် ရယူသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင် သည့် ဥပဒေမူကြမ်း ပြင်ဆင်ချက်ပုဒ်မ၊ ပုဒ်မခွဲ အလိုက် ထောက်ခံဆန္ဒမဲရရှိမှုအရေအတွက် ၇၅ ရာခိုင်နှုန်းကျော် ရ၊ မရ နှင့် လွှတ်တော်၏ ဆုံးဖြတ်အတည်ပြုချက်တို့ကို ကြေညာရာတွင် ပုဒ်မ ၄၁၂ ပုဒ်မခွဲ (က) ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၄ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလ အတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၄၁၂ ပုဒ်မခွဲ(ခ) ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၄ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော် သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၄၁၃ ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၄ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါ ကြောင်း၊ ပုဒ်မ ၄၁၃ ပုဒ်မခွဲ(ခ) ပယ်ဖျက်မှု အတွက် ထောက်ခံဆန္ဒမဲ ၄၁၄ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့် အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၄၁၅ ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၁ မဲဖြစ် ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့် အတွက် မူလအတိုင်းဖြစ်ပါကြောင်း။
ကြေညာ
ပုဒ်မ ၄၁၇ ပြင်ဆင်မှုအတွက် ထောက်ခံ ဆန္ဒမဲ ၄၁၆ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မူလအတိုင်း ဖြစ်ပါကြောင်း၊ ပုဒ်မ ၄၁၈ ၏ ခြေဆင်းအဖြစ် အသစ်ဖြည့်စွက်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၇ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါ ကြောင်း၊ ပုဒ်မ ၄၁၈ ပုဒ်မခွဲ(က) ပြင်ဆင်မှု အတွက် ထောက်ခံဆန္ဒမဲ ၄၁၇ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့် အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၄၁၈ ပုဒ်မခွဲ(ခ) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၆ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါ ကြောင်း၊ ပုဒ်မ ၄၁၉ ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၅ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မူလ အတိုင်းဖြစ်ပါကြောင်း။
ပုဒ်မ ၄၂၀ ပယ်ဖျက်မှုအတွက် ထောက်ခံ ဆန္ဒမဲ ၄၁၆ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မူလအတိုင်း ဖြစ်ပါကြောင်း၊ ပုဒ်မ ၄၂၁ ခြေဆင်းပယ်ဖျက်မှု အတွက် ထောက်ခံဆန္ဒမဲ ၄၁၀ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့် အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၄၂၁ ပုဒ်မခွဲ(က) ပယ်ဖျက်မှုအတွက် ထောက်ခံ ဆန္ဒမဲ ၄၁၇ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မူလအတိုင်း ဖြစ်ပါကြောင်း၊ ပုဒ်မ ၄၂၁ ပုဒ်မခွဲ(ခ) ပယ်ဖျက် မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၇ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့် အတွက် မူလအတိုင်းဖြစ်ပါကြောင်း ကြေညာ သည်။
အဆုံးအဖြတ်ရယူ
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့်ဥပဒေမူကြမ်းများပါ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပုဒ်မခွဲ (က) တွင် အကျုံးဝင်သည့် ဆန္ဒမဲလက်မှတ်(၃)နှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း အစီအစဉ် ပြီးဆုံးပြီ ဖြစ်ပါကြောင်း၊ ဆက်လက်၍ ဆန္ဒမဲလက်မှတ် (၄)နှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ် ရယူခြင်းကို ၂၀၂၀ ပြည့်နှစ် မတ် ၁၃ ရက် သောကြာနေ့တွင် ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ကို မတ် ၁၃ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။
အောင်ရဲသွင်၊အေးအေးသန့်(သတင်းစဉ်)
ဓာတ်ပုံ-ထန်းဖုန်