ဒုတိယပိုင်းသွင်းဂိုးဖြင့် ဟံသာဝတီအသင်း နိုင်ပွဲရရှိ

 

 

ရန်ကုန်  စက်တင်ဘာ  ၇


၂၀၂၂  ရာသီ  MNL  အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၀)  စတုတ္ထနေ့အဖြစ်  GFA အသင်းနှင့်  ဟံသာဝတီအသင်းတို့ စက်တင်ဘာ ၇ ရက်က သုဝဏ္ဏ ကွင်း၌         ယှဉ်ပြိုင်ကစားရာ ဟံသာဝတီအသင်းက   တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

 


တန်းဆင်းဇုန်မှ ရုန်းထွက်နိုင် ရန်    အမှတ်လိုနေသည့်    GFA အသင်း  အကောင်းဆုံးကြိုးပမ်းခဲ့ သော်လည်း    ဒုတိယပိုင်းတွင် ပေးလိုက်ရသည့်ဂိုးဖြင့်  အရေးနိမ့် ခဲ့ရသည်။    GFA   အသင်းသည် ယခုပွဲ            အရေးနိမ့်ခဲ့သဖြင့် တန်းဆင်းဇုန်မှ    ရုန်းထွက်နိုင်ရန် လာမည့်ပွဲများတွင်   ရုန်းကန်ရ တော့မည်ဖြစ်သည်။

 


နှစ်သင်းစလုံး  အမာခံကစားသမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့သလို GFA အသင်းကလည်း     နိုင်ငံခြားသား   ကစားသမားများ   အသုံးပြုကာ   ရလဒ်ကောင်းရရန် ကြိုးပမ်းခဲ့သည်။ GFA အသင်းသည် တန်းဆင်းဇုန်မှ ရုန်းထွက်နိုင်ရန်  အမှတ်လိုနေသဖြင့် ပွဲစကတည်းက ဟံသာဝတီကို ဖိအားပေးကစားခဲ့သည်။ 

 


ဟံသာဝတီအသင်းကလည်း   တိုက်စစ်အားပြုကစားခဲ့ရာ          ပွဲမှာ အပြန်အလှန်ရှိခဲ့သော်လည်း   ဂိုးမသွင်းနိုင်သဖြင့်    ပထမပိုင်းတွင်  ဂိုးမရှိသရေကျနေသည်။   

 


ဒုတိယပိုင်းတွင် ဟံသာဝတီအသင်းက အနိုင်ဂိုးရရန်    ကစားသမား များ    အပြောင်းအလဲလုပ်ကာ   တိုက်စစ်မြင့်ခဲ့ပြီး     ၇၄    မိနစ်တွင် အောင်မိုးထွေး (၁) က အနိုင်ဂိုးသွင်းယူခဲ့သည်။ 

 


ယင်းနောက်ပိုင်းတွင် GFA အသင်းက  ချေပဂိုးရရန် ကြိုးပမ်းခဲ့ သော်လည်း အရှုံးဖြင့် ရင်ဆိုင်ခဲ့ရသည်။ ယခုပွဲအပြီးတွင်  ဟံသာဝတီ အသင်းက ၁၀ ပွဲကစား  ရမှတ် ၁၄ မှတ်၊  GFA အသင်းက ၁၀ ပွဲကစား ရမှတ်ခြောက်မှတ် ရရှိထားသည်။
ပွဲစဉ် (၁၀) နောက်ဆုံးနေ့အဖြစ်  စက်တင်ဘာ ၈ ရက် (ယနေ့) တွင်   အားကာသိပ္ပံအသင်းနှင့်   ဧရာဝတီအသင်း   ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။                      

 ရဲရင့်လွင်
ဓာတ်ပုံ- MNL