
နေပြည်တော် ဩဂုတ် ၉ ပြည်ထဲရေး ဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲအုပ် လောင်းသင်တန်း အမှတ်စဉ် (၁၁၇/၂၀၂၃) ရဲဗလတပ်ခွဲ၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၇နာရီခွဲက မန္တလေး တိုင်းဒေသကြီး ပြင်ဦးလွင် မြို့နယ် ရဲအရာရှိလေ့ကျင့်ရေး ကျောင်း စစ်ရေးပြကွင်း၌ ကျင်းပ သည်။
အခမ်းအနားသို့ ပြည်ထဲရေး ဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခ ချုပ် ဦးကျော်စိုး၊ ရဲရေးချုပ် ရဲမှူး ချုပ်ဝင်းထွန်းနှင့် ရဲအရာရှိကြီး များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးက သင်တန်းဆင်း တပ်ခွဲကို စစ်ဆေးပြီး ဒုတိယ ရဲအုပ်လောင်းများက အနှေး လျှောက်၊ အမြန်လျှောက်ဖြင့် ချီတက် အလေးပြုကြသည်။
ထို့နောက် ရဲချုပ်က အကောင်းဆုံး ကျောင်းသားဆုရ ဒုတိယရဲအုပ်လောင်း သက်ပိုင်ဖြိုး၊ ဥပဒေဘာသာရပ် ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ဖူးပွင့်ဇော်၊ အင်္ဂလိပ်စာထူးချွန်ဆုရ ဒုတိယ ရဲအုပ်လောင်း ရဲနိုင်ထွန်း၊ လေ့ကျင့်ရေး ထူးချွန်ဆုရ ဒုတိယ ရဲအုပ်လောင်း သက်ပိုင်ဖြိုးနှင့် ကွန်ပျူတာဘာသာရပ် ထူးချွန်ဆု ရ ဒုတိယရဲအုပ်လောင်း ဖူးပွင့်ဇော် တို့ကို ဆုများပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ရဲချုပ်က သင်တန်းဆင်း အမှာစကား ပြောကြားရာတွင် ကျောင်းဆင်း ကြမည့် ဒုတိယရဲအုပ်များအနေ ဖြင့် တာဝန်ကျရာဒေသများတွင် နိုင်ငံအကျိုး၊ ပြည်သူလူထု၏ အကျိုးကို ရှေးရှုကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး တိုင်းပြည်နှင့် လူမျိုးအတွက် စွန့်လွှတ်စွန့်စား ကြိုးပမ်းဆောင် ရွက်နေကြသည့် တပ်ဖွဲ့ဝင်များကို နိုင်ငံတော်မှ ထိုက်တန်သည့် ဂုဏ်ပြုမှုများဖြင့် ချီးမြှင့်ပေးလျက် ရှိကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန် (၄) ရပ်ကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက် သွားကြရမည်ဖြစ်ပြီး ပြည်တွင်း လုံခြုံရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးအတွက် အောင်မြင် အောင် အလေးထားဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ရပ်ရွာ အေးချမ်း သာယာရေးအတွက် တရားဥပဒေစိုးမိုးရေး လုပ်ငန်း များ ဆောင်ရွက်ရာတွင် မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ကြရမည့်အပြင် မိမိ တာဝန်ယူရသည့် နယ်မြေအတွင်း ဒေသနှင့် ကိုက်ညီသည့် နည်းလမ်း များ ချမှတ်အကောင်အထည်ဖော် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။
မူးယစ်ဆေးဝါး ထုတ်လုပ် သယ်ဆောင် ရောင်းဝယ်မှုများ သည် ငွေကြေးခဝါချမှု၊ လက်နက် မှောင်ခိုမှု၊ အကြမ်းဖက်မှုစသည့် နိုင်ငံဖြတ်ကျော် မှုခင်းများနှင့် ဆက်နွှယ်လျက်ရှိပြီး နိုင်ငံလုံခြုံ ရေး၊ တည်ငြိမ်အေးချမ်းသာယာ ရေးနှင့် တရားဥပဒေစိုးမိုးရေး ကို ထိခိုက်စေလျက်ရှိသည့်အပြင် လူသားမျိုးနွယ် တစ်ခုလုံးကို လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများကို အမျိုးသားရေး တာဝန် တစ်ရပ်အနေဖြင့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ တစ်ရပ်လုံး ပူးပေါင်းလက်တွဲ၍ မူးယစ် ဆေးဝါး ပပျောက်သည်အထိ စွမ်းစွမ်းတမံ ဆောင်ရွက်သွား ကြရန်လိုကြောင်း၊ တပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူများ၏ လိုအပ် ချက်ကို ဥပဒေနှင့်အညီ စေတနာ ထားဆောင်ရွက်ပေးပြီး လူမှုရေး လုပ်ငန်းများ၊ ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ သဘာဝဘေး အန္တရာယ်ကျရောက်မှုများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ စသည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများကိုလည်း တက်တက် ကြွကြွ ပါဝင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြား သည်။
အဆိုပါ ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ်(၁၁၇)ရဲဗလ တပ်ခွဲတွင် တပ်တွင်းဘွဲ့ရ အမျိုးသား ၂၁၇ ဦး၊ တပ်တွင်းဘွဲ့ရ အမျိုးသမီး ၁၂၉ ဦး စုစုပေါင်း ၃၄၆ဦးတို့ကို သင်တန်းဆင်းပေးခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်