
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အမျိုးသားမြေအသုံးချမှုကောင်စီ ပဉ္စမအကြိမ် အစည်းအဝေး တက်ရောက်
============================================================
နေပြည်တော် ဩဂုတ် ၁၁
အမျိုးသားမြေအသုံးချမှုကောင်စီ၏ ပဉ္စမ အကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီ တွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပ ရာ အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဦးစိုးဝင်း၊ ဦးသောင်းထွန်း၊ ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်နှင့် ဦးဟန်ဇော်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြား ရေးမှူးများ၊ လုပ်ငန်းကော်မတီဝင်များ၊ နည်းပညာအကြံပေးအဖွဲ့နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
m ကျောဖုံးမှ
အစည်းအဝေးတွင် ဒုတိယသမ္မတ က အမျိုးသားမြေအသုံးချမှု မူဝါဒပါ ရည်ရွယ်ချက်များ၊ လမ်းညွှန်မှုများနှင့် အခြေခံမူများကို အကောင်အထည် ဖော်ဆောင်ရွက်ရေးနှင့် အမျိုးသား မြေအသုံးချမှု မူဝါဒနှင့်သက်ဆိုင်သည့် ဥပဒေများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသား မြေအသုံးချမှုကောင်စီကို ပြည်ထောင်စု အစိုးရအဖွဲ့၏ ၂၀၁၈ ခုနှစ် ဇန်နဝါရီ လ ၁၇ ရက် ၊ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် ၁၅ ဖြင့် ဖွဲ့စည်းခဲ့ရာ အချိန် ကာလအားဖြင့် ၂ နှစ် ကျော်ကြာမြင့် ခဲ့ပြီဖြစ်ပါကြောင်း။
ဦးစားပေးလုပ်ငန်းစဉ်များ
အဆိုပါ ကာလအတွင်း အမျိုးသားမြေအသုံးချမှုကောင်စီအနေဖြင့် ပုံမှန် အစည်းအဝေးများကို ခြောက်လ တစ်ကြိမ် ကျင်းပဆောင်ရွက်ခဲ့သည့် အပြင် အမျိုးသားမြေအသုံးချမှု ကောင်စီ၏ ရှေ့ဆက်လက်ဆောင် ရွက်မည့် ဦးစားပေးလုပ်ငန်းစဉ်များ စုပေါင်း ဖော်ထုတ်နိုင်ရေးအတွက် အမျိုးသားမြေအသုံးချမှု မူဝါဒဆိုင်ရာ ဖိုရမ်ကို ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂ ရက်မှ ၃ရက်အထိ နေပြည်တော်၌ ကျင်းပခဲ့ပါကြောင်း၊ ဖိုရမ်၏ရလဒ်များ တွင် အမျိုးသားမြေအသုံးချမှု ကောင်စီ၏ ဖွဲ့စည်းမှုဆိုင်ရာ ခိုင်မာ စေခြင်း၊ အမျိုးသားမြေဥပဒေရေးဆွဲ ပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်စေခြင်း၊ အမျိုးသားမြေအသုံးချမှုစီမံကိန်းများနှင့် မြေအသုံးချမှုဇုန်များ ရေးဆွဲ သတ်မှတ်ခြင်းနှင့် မြေသတင်းအချက် အလက်စီမံခန့်ခွဲသည့်စနစ် တည် ထောင်ခြင်းစသည့် အချက်အလက် များပါဝင်ရာ အမျိုးသားမြေအသုံးချမှု ကောင်စီအနေဖြင့် ဖိုရမ်ရလဒ်များနှင့် အညီ ကောင်စီ၏ လုပ်ငန်းတာဝန်များ ကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း။
အမျိုးသား မြေအသုံးချမှုကောင်စီ ၏ လုပ်ငန်းတာဝန်များ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ကောင်စီ၏ အထောက်အကူပြုလုပ်ငန်း ကော်မတီနှင့် အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှု ဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီနဲ့ အထောက်အကူ ပြုလုပ်ငန်းအဖွဲ့၊ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် (OneMap Myanmar) ရေးဆွဲ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၊ စိုက်ပျိုးရေးဖွံ့ဖြိုးမှု မဟာဗျူဟာ အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် ပေါင်းစပ်ညှိနှိုင်း ရေးလုပ်ငန်းကော်မတီ၊ မြေအသုံးချမှု စီမံကိန်းရေးဆွဲရေးနှင့် ပေါင်းစပ် ညှိနှိုင်းရေး လုပ်ငန်းကော်မတီနှင့် မြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံ ပေးအဖွဲ့တို့ကို ဖွဲ့စည်းထားပြီးဖြစ်ပါ ကြောင်း။
အဆိုပါ လုပ်ငန်းကော်မတီများ အနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာ တွင် အမျိုးသားမြေအသုံးချမှုကောင်စီ ၏ လမ်းညွှန်မှု၊ နည်းပညာအကြံပေး အဖွဲ့၏ ပံ့ပိုးမှုများဖြင့် လုပ်ငန်း ကော်မတီများ အချင်းချင်း လိုအပ် သလို ပူးပေါင်းဆောင်ရွက်ရေးနှင့် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)တို့ရှိ မြေအသုံးချမှုကော်မတီများနှင့် လိုအပ်သလို အားလုံးအတူတကွ ပူးပေါင်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
တွေ့ဆုံဆွေးနွေး
ထို့ပြင် အမျိုးသားမြေအသုံးချမှု ကောင်စီက အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် အမျိုး သားမြေအသုံးချမှုကောင်စီနှင့် ဖွံ့ဖြိုး မှုမိတ်ဖက် အဖွဲ့အစည်းများဖြစ်ကြ သည့် ဥရောပသမဂ္ဂ The European Union(EU)၊ ဆွစ်ဇာလန် ဖွံ့ဖြိုးတိုး တက်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ Swiss Agency for Development and Cooperation (SDC) တို့အကြား တွေ့ဆုံဆွေးနွေးမှု မှတ်တမ်း Record of Discussion (RoD) ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ ပါကြောင်း။
ယင်း RoD အရ ပူးပေါင်းဆောင်ရွက် မည့် လုပ်ငန်းနယ်ပယ်များမှာ အမျိုး သားမြေအသုံးချမှု မူဝါဒလမ်းညွှန်မှု နှင့်အညီ ပြည်ထောင်စု၊ တိုင်းဒေသ ကြီး၊ ပြည်နယ်နှင့် ဒေသအဆင့် ကော်မတီများ၊ လုပ်ငန်းကော်မတီ များနှင့် နည်းပညာဆိုင်ရာအကြံပေး ကော်မတီ ဖွဲ့စည်းဆောင်ရွက်ခြင်း၊ ဦးစားပေး လုပ်ငန်းအစီအစဉ်များ ဖော်ထုတ်၍ မဟာဗျူဟာစီမံချက် ရေးဆွဲ အကောင်အထည်ဖော်ရန် အမျိုးသားအဆင့်ဖိုရမ်များ ကျင်းပ ခြင်း၊ အမျိုးသားမြေအသုံးချမှု မူဝါဒ တွင် ဖော်ပြထားသည့် လမ်းညွှန်ချက် များကို ထိရောက်စွာ အသုံးချပြီး အမျိုးသားမြေဥပဒေနှင့် ဥပဒေများ သဟဇာတဖြစ်ရေး အကောင်အထည် ဖော်ခြင်းလုပ်ငန်းစဉ်ကို မူကြမ်း ရေးဆွဲခြင်းနှင့် အများပြည်သူများနှင့် ညှိနှိုင်းဆွေးနွေးမှု လုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံမြေ သတင်း အချက်အလက်စီမံခန့်ခွဲမှုစနစ် အကောင်အထည်ဖော်ခြင်း၊ အမျိုးသား မြေအသုံးချမှုစီမံကိန်း ရေးဆွဲခြင်းနှင့် ဇုန်သတ်မှတ်ခြင်း၊ မြေကဏ္ဍပူးပေါင်း ဆောင်ရွက်ခြင်းလုပ်ငန်းအဖွဲ့ အကောင် အထည်ဖော် ဆောင်ရွက်ခြင်းနှင့် အမျိုးသားမြေအသုံးချမှု ကောင်စီ အတွင်းရေးမှူးရုံး၏ စွမ်းဆောင်မှု မြှင့်တင်ခြင်းစသည့် လုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့် အခြားလုပ်ငန်းများ ဖြစ်ကြပါကြောင်း။
ထို့ပြင် အဆိုပါ RoD လက်မှတ်ရေး ထိုးထားသည့် ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့ အစည်းတစ်ခုဖြစ်သည့် EU က မြန်မာ နိုင်ငံမြေယာကဏ္ဍ ပြုပြင်ပြောင်းလဲ မှု အထောက်အပံ့ပြုနိုင်ရေးအတွက် ဘက်စုံမြေအသုံးချမှုစီမံကိန်း ရေးဆွဲ ခြင်းနှင့် စီမံခန့်ခွဲခြင်း မြှင့်တင်ရေးဆိုင်ရာ စီမံကိန်း (Promoting Integrated Land Use Planning and Management in Myanmar)ကို ကူညီ ထောက်ပံ့ရန် စီစဉ်လျက်ရှိပါကြောင်း၊ ခန့်မှန်းကုန်ကျငွေ ယူရိုငါးသန်းဖြင့် စီမံကိန်းကာလ လေးနှစ်ကြာမြင့်မည် ဖြစ်ပြီး FAO မှတစ်ဆင့် ကူညီပံ့ပိုး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါစီမံကိန်းကို အမျိုးသားမြေ အသုံးချမှုမူဝါဒ၏ အဓိက ရည်ရွယ် ချက်ဖြစ်သည့် ပြည်သူများ၏ အကျိုး စီးပွားအလို့ငှာ ရေရှည်တည်တံ့စေမည့် မြေအသုံးချမှုစီမံခန့်ခွဲရေး၊ ယဉ်ကျေးမှု အမွေအနှစ် ဒေသများ၊ ပတ်ဝန်းကျင် နှင့်သဘာဝအရင်းအမြစ်များ ထိန်း သိမ်းကာကွယ်ရေးတို့ကို ဖွံ့ဖြိုး တိုးတက်စေရေး အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ကူညီ ထောက်ပံ့ပေးနိုင်ရေးနှင့် ပိုမိုထိရောက် သည့် မူဝါဒ၊ မူဘောင်များ ချမှတ်ဆောင် ရွက်ခြင်းကို မြှင့်တင်ပေးခြင်းဖြင့် ဘက်စုံမြေအသုံးချမှု စီမံကိန်းရေးဆွဲ ခြင်းနှင့် စီမံခန့်ခွဲခြင်းကိုဖြစ်ပေါ်လာ စေရန် ရည်ရွယ်အကောင်အထည်ဖော် ရန် လျာထားသည်ကိုလည်း သိရှိရပါ ကြောင်း။
အစဉ်အမြဲသုံးသပ်
အမျိုးသားမြေအသုံးချမှုကောင်စီ အနေဖြင့် မြေသယံဇာတများကို စနစ် တကျစီမံအုပ်ချုပ် လုပ်ကိုင်နိုင်ရေး အတွက် ဆောင်ရွက်ရမည့်လုပ်ငန်း တာဝန်များကို အစဉ်အမြဲသုံးသပ်ပြီး အဆိုပါ လုပ်ငန်းတာဝန်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင် ရွက်သွားကြရမည်ဖြစ်ပါကြောင်းနှင့် ယနေ့အစည်းအဝေးတွင် ရှေ့ဆက် ဆောင်ရွက်ကြရမည့် လုပ်ငန်းများကို ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေး ညှိနှိုင်းကြစေလိုပါကြောင်း ပြောကြား သည်။
ထို့နောက် ကောင်စီအတွင်းရေးမှူး သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က စတုတ္ထအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက် ပြီးစီးမှုအခြေအနေများနှင့် ဘက်စုံမြေ အသုံးချမှု စီမံကိန်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင် ရာ ဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်က အမျိုးသား မြေဥပဒေရေးဆွဲပြုစုရေး ဆောင်ရွက်နေမှု အခြေအနေနှင့် လုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင် ရွက်မှု အခြေအနေများကိုလည်း ကောင်း၊ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက လုပ်ငန်း ကော်မတီ၏ ဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီ အမံများကိုလည်းကောင်း၊ သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်က မြေအသုံးချမှုစီမံကိန်းရေးဆွဲရေးနှင့် ပေါင်းစပ် ညှိနှိုင်းရေး လုပ်ငန်းကော်မတီ၏ ဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း၊ မြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ ခေါင်းဆောင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝါဝါမောင်ကအဖွဲ့၏ လုပ်ငန်းဆောင် ရွက်မှု အခြေအနေများကိုလည်း ကောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးလွှမ်းမိုးက စိုက်ပျိုးရေး ဖွံ့ဖြိုးမှုမဟာဗျူဟာ အကောင်အထည် ဖော်ဆောင်ရွက်ရေးနှင့် ပေါင်းစပ် ညှိနှိုင်းရေးလုပ်ငန်း ကော်မတီ၏ ဆောင်ရွက်ချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ပြန်လည်ဆန်းစစ်
ထို့နောက် ကောင်စီဝင်ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် တို့က ပြည်တွင်း ပြည်ပ ရင်းနှီး မြှုပ်နှံသူများအတွက် မြေအသုံးချ နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရန် လိုအပ်မှု အခြေအနေ၊ လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်အား စနစ် တကျ စိစစ်ဆောင်ရွက်နိုင်ရေး၊ စက်မှု ဇုန်နှင့် အထူးစီးပွားရေးဇုန်များ ထူထောင်ရေးအတွက် မြေအသုံးချ နိုင်ရေး၊ စားကျက်မြေနှင့် ကျေးရွာ ဘုံပိုင်မြေများထားရှိနိုင်ရေး၊ တိုင်းရင်း သားလူမျိုးများ၏ ရိုးရာဓလေ့အရ မြေပိုင်ဆိုင် အသုံးချမှုစီမံခန့်ခွဲနိုင်ရေး၊ ဆက်သွယ်ရေး တာဝါတိုင်များ တည်ဆောက်ခြင်း၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းများနှင့် မဟာ ဓာတ်အားလိုင်းများ သွယ်တန်းခြင်း တို့အတွက် မြေအသုံးချမှုဆိုင်ရာ ကိစ္စရပ်များ၊ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများနှင့် အိမ်ရာစီမံကိန်းများ စနစ် တကျရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် မြို့ပြနယ်နိမိတ် အဝိုင်းအဝန်း ပြန်လည်ဆန်းစစ်နိုင်ရေး ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးကြ သည်။
ယင်းနောက် ကောင်စီဝင်များဖြစ် ကြသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များက နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် မြေအသုံး ချမှုကော်မတီများ၏ လုပ်ငန်းဆောင် ရွက်မှုအခြေအနေများကို Video Conferencing စနစ်ဖြင့် ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။
ထို့နောက် အမျိုးသားမြေအသုံးချ မှုကောင်စီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်း အဝေးကို ရုပ်သိမ်းခဲ့သည်။
သတင်းစဉ်