
ရန်ကုန် ဖေဖော်ဝါရီ ၇
ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့၌ ကျင်းပသည့် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် လူသား ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့ ဒေသစံတော်ချိန် နံနက် ၁ နာရီ မိနစ် ၅၀ တွင် မော်တော်ယာဉ်များဖြင့် ခေတ္တတည်းခိုသည့် Lotte Hotel Seoul မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိကြရာ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်၊ UPF ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ဥက္ကဋ္ဌ Mr. Ek Nath Dhakal ၊ သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များက ပို့ဆောင်နှုတ်ဆက်ကြ သည်။
ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် နံနက် ၅ နာရီ မိနစ် ၅၀ တွင် ရန်ကုန် မြို့သို့ ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက် ကြသည်။
သတင်းစဉ်