ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီး ဒေါက်တာရွှေလွှမ်းတို့ ထန်တလန်မြို့ အမှတ်(၂) ရပ်ကွက် မဲရုံအမှတ်(၁)တွင် ဆန္ဒမဲပေး

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီး ဒေါက်တာရွှေလွှမ်းတို့

ထန်တလန်မြို့ အမှတ်(၂) ရပ်ကွက် မဲရုံအမှတ်(၁)တွင် ဆန္ဒမဲပေး

=======================================================

ထန်တလန် နိုဝင်ဘာ ၈

 

ချင်းပြည်နယ် ထန်တလန်မြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဆန္ဒမဲပေးခြင်းကို ယနေ့နံနက် ၆ နာရီတွင် စတင်ရာ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သက်ဆိုင်ရာမဲရုံအသီးသီး၌ လာရောက် ဆန္ဒမဲပေးခဲ့ကြပြီး ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူနှင့်ဇနီး ဒေါက်တာရွှေလွှမ်းတို့သည် နံနက်ပိုင်းတွင် ထန်တလန်မြို့ အမှတ်(၂)ရပ်ကွက် မြို့နယ်ခန်းမ၌ ဖွင့်လှစ် ထားသော မဲရုံအမှတ်(၁)သို့ လာရောက်၍ ဆန္ဒမဲပေးခဲ့ ကြသည်။

 

ဆန္ဒမဲပေး

ထန်တလန်မြို့နယ်၌ မဲရုံပေါင်း ၁၀၅ ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးခွင့်ရှိသူ ၃၃၈၀၆ ဦးရှိရာ မဲဆန္ဒရှင်ပြည်သူများသည် မဲရုံ စတင်ဖွင့်လှစ်ချိန်မှစ၍ သက်ဆိုင်ရာမဲရုံ အသီးသီးသို့ လာရောက်ကြပြီး ဆန္ဒမဲပေးခဲ့ ကြသည်။

ကူညီဆောင်ရွက်ပေး

 

မဲရုံများတွင် ဆန္ဒမဲလာရောက်ပေးသူများ စိတ်ချလုံခြုံစွာ မဲပေးနိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီ ဆန္ဒမဲပေးနိုင်ရေး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ မဲရုံမှူးများ နှင့် မဲရုံအဖွဲ့ဝင်များ၊ မဲရုံလုံခြုံရေးများနှင့် စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြကြောင်း သိရ သည်။

 

မြို့နယ်(ပြန်/ဆက်)