
နေပြည်တော် အောက်တိုဘာ ၃၀
ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဇနီး ဒေါ်ခင်သက်ဌေးတို့သည် ယနေ့ နံနက်ပိုင်းတွင် နိုဝင်ဘာ ၈ ရက်၌ ကျင်းပမည့် ၂၀၂၀ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဇမ္ဗူသီရိမဲဆန္ဒနယ် မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ် နေရာ များအတွက် ကြိုတင်ဆန္ဒမဲ ပေးကြ သည်။
လက်မှတ်ရေးထိုး
ဒုတိယသမ္မတနှင့် ဇနီးတို့သည် ယနေ့နံနက်၈ နာရီတွင် နေပြည်တော် မြို့မဈေးဓမ္မာရုံ၌ ဖွင့်လှစ်ထားသည့် ဇမ္ဗူသီရိ မြို့နယ် ဇေယျသိဒ္ဓိရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ လာရောက်၍ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန် ချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲ ပေးရန် မှတ်တမ်းစာအုပ်၌ လက်မှတ် ရေးထိုးကြသည်။
ယင်းနောက် ဒုတိယသမ္မတနှင့် ဇနီးတို့သည် ဆန္ဒမဲလက်မှတ်များ၌ လျှို့ဝှက်ဆန္ဒမဲပေးကြပြီး ကြိုတင် ဆန္ဒမဲပုံးထဲသို့ ဆန္ဒမဲလက်မှတ်များ ထည့်သွင်းကြသည်။
သတင်းစဉ်