ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အိန္ဒိယသမ္မတနိုင်ငံတွင် ကျင်းပသည့် (၁၁)ကြိမ်မြောက် ကာကွယ်ရေးပစ္စည်းများပြပွဲအခမ်းအနားသို့ တက်ရောက်

Image not available
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
အိန္ဒိယသမ္မတနိုင်ငံတွင် ကျင်းပသည့် (၁၁)ကြိမ်မြောက် ကာကွယ်ရေးပစ္စည်းများပြပွဲအခမ်းအနားသို့ တက်ရောက်
==================================================================
နေပြည်တော် ဖေဖော်ဝါရီ ၆
အိန္ဒိယသမ္မတနိုင်ငံ၌ ရောက်ရှိနေသည့် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့ တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းတွင် (၁၁)ကြိမ်မြောက် ကာကွယ်ရေးပစ္စည်းများ ပြပွဲအခမ်းအနား(DefExpo India- 2020)ပြုလုပ်သည့် Inaugural Hangar ၊ Expo Venue သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
 
ကြည့်ရှု
 
ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် DefExpo India-2020 ပြပွဲ ဧရိယာအတွင်းရှိ India Pavilion & UP Pavilion တွင် ခင်းကျင်းပြသထားသည့် ကာကွယ်ရေးစစ်လက်နက်ပစ္စည်း များအား ကြည့်ရှုခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
 
ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်သည် DefExpo India-2020 ဧရိယာရှိ အိန္ဒိယလေတပ် ၏ ယာယီဧည့်ခန်းဆောင်၌ အိန္ဒိယလေတပ်ဦးစီးချုပ် Air Chief Marshal Rakesh Kumar Singh Bhadauria နှင့် တွေ့ဆုံဆွေးနွေးသည်။(ယာပုံ)
တွေ့ဆုံစဉ် ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာလာစေရေးအတွက် မြှင့်တင်ဆောင်ရွက်ရန်ကိစ္စရပ်များ၊ နှစ်စဉ် လေတပ်နှစ်ရပ် အကြား ကျင်းပပြုလုပ်လျက်ရှိသည့် အစည်းအဝေးများတွင် ဆွေးနွေးသဘောတူညီထားသည့် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် လေတပ်နှစ်ရပ်အကြား တွင် ကျွမ်းကျင်ပညာရှင်အဆင့် အပြန်အလှန် အတွေ့အကြုံ နှင့် ဗဟုသုတများဖလှယ်မည့် အစီအစဉ်အား ပိုမိုမြှင့်တင် ဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။
 
ဆွေးနွေး
 
ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)သည် DefExpo India-2020 ဧရိယာရှိ အိန္ဒိယကြည်းတပ်၏ ဧည့်ခန်းဆောင် အစည်းအဝေးခန်း၌ အိန္ဒိယကြည်းတပ်ဦးစီးချုပ် General Manoj Mukund Naravanane နှင့် တွေ့ဆုံဆွေးနွေးသည်။
 
တွေ့ဆုံစဉ် မြန်မာ့တပ်မတော်(ကြည်း)နှင့် အိန္ဒိယ ကြည်းတပ်တို့အကြားတွင် ရှိရင်းစွဲဆက်ဆံရေး ပိုမိုတိုးတက် ခိုင်မာစေရေးကိစ္စရပ်များနှင့် ကြည်းတပ်နှစ်ရပ်အကြား ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တပ်မတော်နှစ်ရပ်အကြားပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရေးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
 
သတင်းစဉ်