ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်)နှင့် အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)တို့ကို ကြည့်ရှုစစ်ဆေး

နေပြည်တော်   ဇွန်   ၄
သိပ္ပံနှင့်    နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး         ဒေါက်တာ အောင်ဇေယျသည်   ဇွန် ၁ ရက် မွန်းလွဲပိုင်းက အစိုးရစက်မှုလက်မှု သိပ္ပံ(သန်လျင်)၌ တာဝန်ရှိသူများ နှင့်    တွေ့ဆုံပြီး   ဒေသတွင်းရှိ သီလဝါ   အထူးစီးပွားရေးဇုန်နှင့် MSME  ဖွံ့ဖြိုးရေးအတွက် နည်း ပညာရှင်များကို  သတ်မှတ်စံနှုန်း များအတိုင်း မွေးထုတ်ပေးနိုင်ရေး  အလေးထား   ဆောင်ရွက်ရန်နှင့်  ပြည်သူများ ဘဝရပ်တည်မှုခိုင်မာ စေရေးအတွက်   လက်တွေ့ကျ သည့်      သက်မွေးနည်းပညာ သင်တန်းများ  ဖွင့်လှစ်သင်ကြား ပေးရန် လိုအပ်ကြောင်း တိုက်တွန်း မှာကြား၍         ဝန်ထမ်းများ၏ အခက်အခဲ    တင်ပြမှုများအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးပြီး စာကြည့်တိုက်၊ စာသင်ခန်း များ၊          လက်တွေ့ခန်းများနှင့် အလုပ်ရုံများ၊    ကျောင်းသန့်ရှင်း သာယာလှပရေး ဆောင်ရွက်ထား ရှိမှု   အခြေအနေများကို    ကြည့်ရှု စစ်ဆေးသည်။
 ဒုတိယဝန်ကြီးသည် ဇွန် ၂ ရက်ကလည်း   အစိုးရနည်းပညာ ကောလိပ် (တောင်ဒဂုံ)သို့ ရောက် ရှိပြီး ကျောင်းသား  ကျောင်းသူ များနှင့်    ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်၍   နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေး တစ်တပ်တစ်အားဖြစ်စေမည့် ဗလငါးတန်နှင့် ပြည့်စုံသော နည်း ပညာရှင်       လူငယ်ကောင်းများ ဖြစ်စေရေး    အဓိကရည်မှန်း၍ ကြိုးပမ်းဆောင်ရွက်ကြရန်  တိုက် တွန်းမှာကြားပြီး    ကျောင်းသား ကျောင်းသူများအား        ဂုဏ်ပြု လက်ဆောင်များကို       ပေးအပ် ချီးမြှင့်သည်။  (အောက်ဝဲပုံ)
ထို့နောက်       ဒုတိယဝန်ကြီး သည် အစိုးရနည်းပညာကောလိပ် (တောင်ဒဂုံ)မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အမျိုးသားရေးလုပ်ငန်း စဉ်များကို      အောင်မြင်အောင် ဆောင်ရွက်ရာတွင်    ကောင်းစွာ အထောက်အကူပြုနိုင်မည့် နည်း ပညာရှင်များကို    အရည်အသွေး စံမီစွာ စဉ်ဆက်မပြတ် မွေးထုတ် ပေးနိုင်ရေး   ကြိုးပမ်းဆောင်ရွက် ရန်၊ MSME များ   အပါအဝင် စက်မှုကုန်ထုတ်    လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး   အထောက် အကူပြု    သုတေသနပရောဂျက် များကို ဌာနများအပြင် ပုဂ္ဂလိက အဖွဲ့အစည်းများနှင့်ပါ      ပူးပေါင်း ဆောင်ရွက်သွားရန်        လိုအပ် ကြောင်း တိုက်တွန်းမှာကြားပြီး ကောလိပ်၏ ကျောင်းအုပ်ကြီးထံ ဂုဏ်ပြုလက်ဆောင်ကို   ပေးအပ် ချီးမြှင့်သည်။   
ထို့နောက်         ဒုတိယဝန်ကြီး သည်   စာကြည့်တိုက်၊  အင်ဂျင် နီယာဌာနများရှိ    လက်တွေ့ခန်း များနှင့်   အလုပ်ရုံများ၊    ဝန်ထမ်း အိမ်ရာ များ၊ သီးပင်စားပင်စိုက်ခင်း များ၊  တည်ဆောက်ရေးလုပ်ငန်း နှင့် ကောလိပ်ဥပဓိရုပ် တင့်တယ် စေရေး      ဆောင်ရွက်ထားရှိမှု  အခြေအနေများကို လှည့်လည် ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည် များကို မှာကြားခဲ့ကြောင်း  သိရ သည်။
သတင်းစဉ်