ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ရန်ကုန်နည်းပညာတက္ကသိုလ်၌ ကျောင်းဖွင့်လှစ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက် ကျောင်းသားများ သုတေသနဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေး

 

နေပြည်တော်   မေ   ၃၁
သိပ္ပံနှင့်  နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင် ဇေယျသည် ယမန်နေ့မွန်းလွဲပိုင်း က ရန်ကုန်နည်းပညာတက္ကသိုလ် (YTU)၌ Hybrid စနစ်ဖြင့် ကျင်းပ ပြုလုပ်သော ကျောင်းဖွင့်လှစ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
ဦးစွာ ဒုတိယဝန်ကြီးက အဖွင့် အမှာစကား   ပြောကြားရာတွင်  ပြည်ထောင်စုဝန်ကြီး၏   ညွှန် ကြားချက်အရ  ဤအစည်းအဝေး ကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ဇွန်  ၃   ရက်တွင်   ကျောင်းများ အားလုံး     ဖွင့်လှစ်မည်ဖြစ်ရာ ခေတ်မီအင်ဂျင်နီယာနည်းပညာ များကို ကျောင်းသား ကျောင်းသူ များ ရွှင်လန်းတက်ကြွစွာ  လေ့လာ ဆည်းပူးနိုင်သည့်     ဝန်းကျင် ကောင်းများဖြစ်စေရေး ကြိုးပမ်း ဆောင်ရွက်ရန်၊ နိုင်ငံတော်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ အောင်မြင် စေရေး တစ်တပ်တစ်အားဖြစ်စေ မည့်   အရည်အသွေးစံမီသည့် အင်ဂျင်နီယာများ/နည်းပညာရှင် များကို စဉ်ဆက်မပြတ် ပျိုးထောင် ပေးနိုင်ရေးနှင့်    ပြည်သူများကို အမှန်တကယ်    အလုပ်အကျွေး ပြုနိုင်သည့်   စွမ်းရည်မြင့်   နိုင်ငံ့ ဝန်ထမ်းကောင်းများဖြစ်စေရေး တို့ကို   အလေးထားဆောင်ရွက် သွားရန်        လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။ 
ထို့နောက်  အစည်းအဝေးသို့ တက်ရောက်ကြသော နည်းပညာ တက္ကသိုလ်များနှင့်   ကွန်ပျူတာ တက္ကသိုလ်များမှ   ပါမောက္ခချုပ် များ၊ အစိုးရနည်းပညာ ကောလိပ် များနှင့်    အစိုးရစက်မှုလက်မှု သိပ္ပံများမှ  ကျောင်းအုပ်ကြီးများ က     ကျောင်းအပ်နှံပြီးစီးမှုနှင့် ကျောင်းဖွင့်ချိန်အမီ ပြင်ဆင်ပြီးစီး မှုအခြေအနေများကို  ရှင်းလင်း တင်ပြကြပြီး  ဒုတိယညွှန်ကြား ရေးမှူးချုပ်များက     ဖြည့်စွက် တင်ပြမှုများအပေါ် ဒုတိယဝန်ကြီး က  လိုအပ်သည်များ   မှာကြား သည်။
ယင်းနောက် ဒုတိယဝန်ကြီး သည်       ရန်ကုန်နည်းပညာ တက္ကသိုလ်ရှိ    စာသင်ခန်းများနှင့် လက်တွေ့ခန်းများ ပြင်ဆင်ထားရှိ မှုများ၊    ဥပဓိရုပ်တင့်တယ်စေ ရေး   ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးကာ  လိုအပ်သည် များ မှာကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည်  ပင်မဆောင် ရှိ    Maker Space   အခန်းတွင် ပါရဂူဘွဲ့   သင်တန်းသားများ၏ လျှပ်စစ်သုံးယာဉ် အားသွင်းခြင်း အမျိုးမျိုးနှင့် လျှပ်စစ်သုံးယာဉ် ဘက်ထရီဆိုင်ရာ    သုတေသန လုပ်ငန်းများ၊ စပါးခွံလောင်စာသုံး Gasifier   ဆိုင်ရာ   သုတေသန လုပ်ငန်းများ   ဆောင်ရွက်နေမှု အခြေအနေများကို    ကြည့်ရှု အားပေးကာ နိုင်ငံတော်ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ကို လက်တွေ့ကျကျ  အထောက် အကူပြုနိုင်သည့်    သုတေသန ရလဒ်များရရှိစေရေး    ဦးတည် ဆောင်ရွက်ရန်      မှာကြားပြီး သုတေသနထူးချွန်သည့် ကျောင်း သားများကို     ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။  
ထို့နောက်   ဒုတိယဝန်ကြီး သည် စာကြည့်တိုက်ကို ကြည့်ရှု စစ်ဆေးပြီး  ဆရာနှင့်  ကျောင်း သားများ စာကြည့်တိုက်အသုံးပြုမှု နှင့်   စာဖတ်ရှိန်မြှင့်တင်နိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။    ဆက်လက်၍ ဒုတိယဝန်ကြီးသည်  သုတေသန စင်တာများရှိ    Lab Facilities များကို    ကြည့်ရှုစစ်ဆေးကာ ပြည်သူများ၏      ရေရှည်အကျိုး စီးပွားကို      ဖြစ်ထွန်းစေမည့် သုတေသနလုပ်ငန်းများဖြင့် အစဉ် ရှင်သန်     သက်ဝင်နေစေရေး အလေးထား ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး သည် ကျောင်းသားအဆောင်များ သန့်ရှင်းသာယာလှပရေး ဆောင် ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား များကို    ရင်းရင်းနှီးနှီး   တွေ့ဆုံ နှုတ်ဆက်ကာ   ဗလငါးတန်နှင့် ပြည့်စုံသော     နိုင်ငံ့သားကောင်း ရတနာများ၊ ပြည်သူ့အင်ဂျင်နီယာလူငယ်ကောင်းများ   ဖြစ်စေရေး ရည်မှန်း     ဆောင်ရွက်ကြရန် တိုက်တွန်း     မှာကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေ များကို       ကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည်များ        မှာကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်