ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ပြန်ကြားရေးဝန်ကြီးဌာနရှိ ရုံးစာကြည့်တိုက်များနှင့်  စာကြည့်တိုက်ကော်မတီအတွက် ၎င်းရေးသားသည့် စာအုပ် ၁၀၀၀ ပေးအပ်လှူဒါန်း

 

နေပြည်တော်   ဇူလိုင်   ၃၁


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး  (စာရေးဆရာ  မောင်အောင်) က  ပြန်ကြားရေးဝန်ကြီးဌာနရှိ ရုံးစာကြည့်တိုက်များနှင့်  စာကြည့်တိုက်ကော်မတီအတွက် စာအုပ်များပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီး      ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်း အတွင်းဝန်  ဦးဝင်းကျော်အောင်၊ ဌာနဆိုင်ရာ    အကြီးအကဲများနှင့် တာဝန်ရှိသူများ   တက်ရောက်ကြ သည်။


ရှင်းလင်းပြောကြား


ဦးစွာ      ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက    ယခု စာအုပ်သည်     ၁၉၇၃    ခုနှစ် တက္ကသိုလ်     ကျောင်းသားဘဝ တတိယနှစ်တွင် ရေးသားခဲ့သည့် စာအုပ်ဖြစ်ပါကြောင်း၊ ယင်းစာအုပ် သည်      စာပေဗိမာန်ဆုရရှိခဲ့ပြီး ၂၀၁၉    ခုနှစ်တွင်   ဒုတိယအကြိမ် ထုတ်ဝေခဲ့ပါကြောင်း၊ ယခုနှစ်တွင် ထူးခြားစွာဖြင့်    “အ”   သုံးလုံး သင်တန်းများ    ပြန်လည်ဆောင် ရွက်နေသည့်အတွက် ယခုစာအုပ် ကို    ထပ်မံထုတ်ဝေရခြင်းဖြစ်ပါ ကြောင်း၊     လူငယ်များကို   ပြုစု ပျိုးထောင်ရာတွင် အလွန်အရေးကြီး သည့်    လုပ်အားပေးလုပ်ငန်းကို ဆောင်ရွက်ခဲ့သည့်   ဘဝအတွေ့ အကြုံများဖြင့် ရေးသားထားသည့် ယခုစာအုပ်ကို အားလုံးဖတ်ရှုနိုင် စေရန်  လာရောက်လှူဒါန်းရခြင်း ဖြစ်ပါကြောင်းနှင့်  မိမိတို့နိုင်ငံ၏      စာမတတ်သူပပျောက်ရေး လုပ်ငန်း များတွင် နိုင်ငံသားတိုင်း တက်တက် ကြွကြွဖြင့်        ပူးပေါင်းပါဝင်         ဆောင်ရွက်ကြစေလိုပါကြောင်း    ရှင်းလင်းပြောကြားသည်။


စာအုပ်များပေးအပ်လှူဒါန်း


ထို့နောက်     ဒုတိယဝန်ကြီး ဒေါက်တာ   အောင်ကြီးက    ၎င်း ကိုယ်တိုင် ရေးသား ပြုစုထားသော စာပေဗိမာန်ဆုရ   “လကွယ်ည၏ အလင်းရောင်”    စာအုပ်များကို   ပေးအပ်လှူဒါန်းရာ  ပြည်ထောင်စု ဝန်ကြီးက လက်ခံရယူပြီး   ဂုဏ်ပြု မှတ်တမ်းလွှာ  ပြန်လည်ပေးအပ် သည်။


ယင်းနောက်    ပြည်ထောင်စု ဝန်ကြီးက ယခုကဲ့သို့  စာအုပ်များ လှူဒါန်းသည့်အတွက်    ကျေးဇူး တင်ရှိပါကြောင်း၊   စာရေးသူအနေ ဖြင့် ပထမအကြိမ်ကလည်း စိုက် /  မွေး / ဆည်  စာစုများ    စာအုပ် အုပ်ရေ ၂၅၀ နှင့်  ရင်ထဲက အဖေ နှင့်  ပတ်သက်သည့်    စာစုများ စာအုပ်  အုပ်ရေ  ၂၅၀ ပေါင်း  ၅၀၀ ကို လှူဒါန်းပေးခဲ့ပါကြောင်း၊ ယခုလို  စာဖတ်ရှိန်မြှင့်တင်ရေး    ဆောင် ရွက်နေသည့်      အချိန်ကာလတွင် စာအုပ်များ လှူဒါန်းပေးခြင်းသည် ကုသိုလ်လည်းရသလို လိုအပ်သည့် လုပ်ငန်းတစ်ခု  ဖြစ်ပါကြောင်း၊ စာရေးသူအနေဖြင့်   စာကောင်း စာမွန်များ ဆက်လက်ရေးသားနိုင် ပါစေကြောင်းနှင့်    နိုင်ငံ့တာဝန် များကို        ဆတက်ထမ်းပိုး ထမ်းဆောင်နိုင်       ပါစေကြောင်း ပြောကြားသည်။


ဒုတိယဝန်ကြီး     ဒေါက်တာ အောင်ကြီး        (စာရေးဆရာ မောင်အောင်) က    စာပေဗိမာန် ဆုရ “လကွယ်ည၏ အလင်းရောင်” စာအုပ် ၁၀၀၀ ကို  ပြန်ကြားရေး ဝန်ကြီးဌာနရှိ   ရုံးစာကြည့်တိုက် များနှင့် စာကြည့်တိုက်ကော်မတီ အတွက်     ပေးအပ်လှူဒါန်းခြင်း ဖြစ်ရာ စာအုပ်များကို သက်ဆိုင်ရာ စာကြည့်တိုက်များသို့  ဆက်လက် ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 
   

သတင်းစဉ်