
နေပြည်တော် ဇူလိုင် ၁၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ဇူလိုင် ၁၇ ရက် နံနက်ပိုင်းက စိုက်ပျိုးရေးသုတေသနဦးစီးဌာန ပဲမျိုးစုံသုတေသနဌာနစု စမ်းသပ် ကွင်း၌ မိုးရာသီတွင် စမ်းသပ် စိုက်ပျိုးထားသည့် ဆီထွက်ရာခိုင် နှုန်းကောင်းမွန်သော အလား အလာကောင်း ပဲပုပ်မျိုးလိုင်းများ ကို ကွင်းဆင်းကြည့်ရှုစစ်ဆေး သည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက စားသုံးဆီ ဖူလုံရေးနှင့် မွေးမြူရေးတိရစ္ဆာန် အစာကုန်ကြမ်း တိုးတက်ထုတ်လုပ် နိုင်ရေးအတွက် ပဲပုပ်သီးနှံစိုက်ပျိုး ဧရိယာတိုးချဲ့နိုင်ရေး၊ ပဲပုပ်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက် ဖွံ့ဖြိုးရေး၊ ပဲပုပ်စိုက်တောင်သူများ အတွက် စီးပွားရေးအရ တွက်ခြေ ကိုက်စေမည့် သီးနှံအထွက်ရရှိရေး နှင့် ဆီထွက်ရာခိုင်နှုန်း ကောင်းမွန် စေမည့် အရည်အသွေးပြည့်စုံ သော ပဲပုပ်မျိုးများ သုတေသနပြု ထုတ်လုပ်နိုင်ရေး ဆွေးနွေးမှာကြား သည်။
ထို့နောက် စိုက်ပျိုးရေးသုတေ သနဦးစီးဌာန မျိုးစေ့ဘဏ်ကို ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုး မွေးမြူရေး Plant Breeding ပိုင်းသည် အရေးကြီးသောကြောင့် သီးနှံအလိုက် ဝန်ထမ်းများကို တာဝန်ခွဲဝေပေးနိုင်ရေး၊ မျိုးဆက် သစ်ပညာရှင်များအနေဖြင့် မိမိတို့ သင်ကြားခဲ့ရသော အတတ်ပညာ နှင့် အတွေ့အကြုံများကို လက်တွေ့ အကောင်အထည် ဖော်နိုင်ရေး မှာကြားပြီး အပင်မျိုးဗီဇနှင့် မော်လီ ကျူလာနည်းပညာဖြင့် မျိုးမွေးမြူ ရေးသုတေသနဌာနစုတွင် ဗီဇ အချက်အလက် နည်းပညာများကို အသုံးပြု၍ မြန်မာနိုင်ငံ၏ ဆန်စပါးမွေးမြူရေးကဏ္ဍ မြှင့်တင် ခြင်းစီမံကိန်း (RGBM Project) သုတေသနလုပ်ငန်းကို ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် အော်ဂဲနစ်သုတေ သနဗဟိုဌာန၌ သုတေသနပြု ဆောင်ရွက်လျက်ရှိသော အော်ဂဲနစ် ဟင်းသီးဟင်းရွက် သုတေသနများ စိုက်ပျိုးထားရှိမှု၊ တီမြေဆွေး၊ စွန့်ထုတ်ရည်သုတေသန ဆောင် ရွက်ထားရှိမှု၊ သီးနှံစုံအော်ဂဲနစ် မျိုးစေ့များ ခင်းကျင်းပြသထားမှု များနှင့် ပြောင်းသီးနှံ သုတေသန ဌာန၌ အထွက်နှုန်းမြင့်မားပြီး အရည်အသွေး ကောင်းမွန်သော သက်လျင်နှင့် သက်လတ်ပြောင်းဖူး စပ်မျိုးသစ်များ မျိုးမွေးမြူရွေးချယ် ခြင်း အစီအစဉ်အရ စမ်းသပ် စိုက်ပျိုးထားသော မျိုး ၁၆၇ မျိုး အား စမ်းသပ်စိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များကို ဆွေးနွေးမှာကြား သည်။
သတင်းစဉ်