ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် မကွေးတိုင်းဒေသကြီးအတွင်း မြေပဲ၊ နှမ်း၊ ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော်   ဇူလိုင်   ၄
စိုက်ပျိုးရေး၊     မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ  ဝန်ကြီး ဒေါက်တာ တင်ထွဋ်သည် ယနေ့တွင် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင် များနှင့်အတူ   မကွေးတိုင်းဒေသ ကြီး ချောက်မြို့နယ် ဂွေးချိုအုပ်စုရှိ တောင်သူများနှင့်တွေ့ဆုံ၍ မြေပဲ၊ နှမ်း၊  ဆီထွက်သီးနှံ    စိုက်ပျိုး ထုတ်လုပ်မှု  တိုးတက်အောင်မြင် ရေးဆွေးနွေးကြသည်။
တွေ့ဆုံစဉ်    ဒုတိယဝန်ကြီး က စိုက်ပျိုးရေးပညာရှင်များနှင့် တောင်သူများအကြား   စဉ်ဆက် မပြတ် ထိတွေ့မှုရှိစေရေးအတွက် အီလက်ထရောနစ်   ဆက်သွယ်မှု နည်းပညာအပါအဝင် သင့်တော် သည့်နည်းလမ်းများကို အသုံးပြု ပြီး     တောင်သူအခက်အခဲနှင့် လိုအပ်ချက်ကို သိရှိကူညီဆောင် ရွက်ပေးနိုင်ရေး  ကြိုးပမ်းပေးကြ ရန်လိုကြောင်း၊   စိုက်ပျိုးမြေများ အားလုံး    ကွက်ပြည့်စိုက်ပျိုးနိုင် ရေးနှင့်    လယ်ယာမြေဥပဒေပါ ပြဋ္ဌာန်းချက်များကို   တိကျစွာ လိုက်နာ       ဆောင်ရွက်ရေး    ထိန်းကျောင်းကြပ်မတ်ရန် လိုအပ် ကြောင်း၊ အခြေအနေပေးသည့် ဒေသများတွင်   မြေလပ်မထားဘဲ သင့်တော်သည့်      သီးနှံပုံစံဖြင့် တစ်နှစ်ပတ်လုံး     အောင်အောင် မြင်မြင်   စိုက်ပျိုးလုပ်ကိုင်နိုင်ရန် သက်ဆိုင်ရာကဏ္ဍများက ဝိုင်းဝန်း ကူညီအားပေးကြရန်    လိုအပ် သကဲ့သို့ တစ်ဧကတွင်ဝင်ဆံ့သည့် အပင်ဦးရေအပြည့် စိုက်ပျိုးနိုင်ရေး အပါအဝင်  ပန်းတိုင်အထွက်ရရှိ ရေး၊ သီးနှံစိုက်ဧကနှင့် အထွက် နှုန်းဆိုင်ရာ အချက်အလက်ကိန်း ဂဏန်းစာရင်းဇယားများ မှန်ကန် စေရေးတို့ကို       အလေးဂရုပြု ဆောင်ရွက်ကြရန်      ဆွေးနွေး ပြောကြားသည်။
ထို့နောက်     ဒုတိယဝန်ကြီး သည် ကျောက်ပန်းတောင်းမြို့နယ် ကြံစို့ကျေးရွာ ကွင်းအမှတ် (၂၀၀၇) ရှိ တောင်သူ  ဦးအောင်မောင်း၏ စိုက်ကွင်းတွင် စိုက်ပျိုးထားသည့် ဆီထွက်သီးနှံ   အထူးဇုန်  (မိုးနှမ်း)စိုက်ခင်းဖြစ်ထွန်းအောင်မြင်နေမှု ကို ကြည့်ရှုစစ်ဆေးပြီး နှမ်းသီးနှံ မျိုးကောင်းမျိုးသန့်များ ပြောင်းလဲ အသုံးပြုနိုင်ရေးနှင့် နှမ်းစိုက်နည်း စနစ်ဆိုင်ရာများ     အသိပညာပေး ဆွေးနွေး     ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။      သတင်းစဉ်