ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် တောင်သူများပူးပေါင်းပါဝင်ရွေးချယ်သော စပါးမျိုးသားဆက်လိုင်းများ ရွေးချယ်ခြင်းဆောင်ရွက်မှုနှင့် ရမည်းသင်းနှင့် ပျော်ဘွယ်မြို့များရှိ စိုက်ပျိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်    ဇွန်    ၁၅


တောင်သူများ    ပူးပေါင်းပါဝင် ရွေးချယ်သော စပါးမျိုးသားဆက် လိုင်းများရွေးချယ်ခြင်း ဆောင်ရွက်  မှုအခမ်းအနားကို ယမန်နေ့နံနက် ပိုင်းက   မန္တလေးတိုင်းဒေသကြီး တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင် ရပ်ကွက် တောင်သူ ဦးတင်အောင် ထွန်း၏ လယ်မြေ၌  ကျင်းပရာ စိုက်ပျိုးရေး၊     မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ဒုတိယ ဝန်ကြီး   ဒေါက်တာတင်ထွဋ်နှင့် စိုက်ပျိုးရေး သုတေသနပညာရှင် များ   တက်ရောက်၍    စပါးမျိုး သားဆက်လိုင်း     ရွေးချယ်ခြင်း  ဆိုင်ရာ နည်းပညာအဆင့်ဆင့်ကို ရှင်းလင်းပြသကြသည်။
အခမ်းအနားတွင်    ဒုတိယ ဝန်ကြီးက   တောင်သူကြီးများ အတွက် လိုအပ်သည့် စိုက်ပျိုးရေး ဆိုင်ရာ သတင်းအချက်အလက် များရရှိရေးနှင့် ကိုယ်တိုင်စနစ်တကျ ရှာဖွေလေ့လာနိုင်စေရေးအတွက် ယူကျု့အပါအဝင်    ဒစ်ဂျစ်တယ် မီဒီယာ    အသုံးပြုနည်းများကို စိုက်ပျိုးပညာပေး ဝန်ထမ်းများက မျှဝေပေးသွားရန်  ဖြစ်ကြောင်း၊ လက်ရှိတွင်လည်း အချို့တောင်သူ ကြီးများ ကျွမ်းကျင်စွာသုံးစွဲနေကြ သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ အဆိုပါ   မီဒီယာများမှတစ်ဆင့် တောင်သူများအချင်းချင်း သတင်း အချက်အလက်များ    ပြန်လည် မျှဝေရန်အတွက်လည်း အားလုံး ပူးပေါင်း        ဆောင်ရွက်စေလို ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး သည် ရမည်းသင်းမြို့နယ် စီပင် စိုက်ပျိုးရေး        သုတေသနခြံ၌ လယ်ယာကဏ္ဍဆိုင်ရာ    ဒေသ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး သီးနှံ တစ်ခုစိုက်ပြီး နောက်သီးနှံတစ်ခု စိုက်ရန် စောင့်ဆိုင်းကာလ မြေလပ် ချိန်တွင်   ရရှိလာသည့်မိုးရေကို အကျိုးရှိစွာ အသုံးချသည့်အနေ ဖြင့်       သစ်စိမ်းစိုက်ပျိုးစေလို ကြောင်း၊   ရာသီဥတုနှင့်   လိုက် လျောညီထွေရှိသည့်    ပေါင်ကြီး တင်စနစ်ကဲ့သို့   စိုက်နည်းစနစ် များကို တောင်သူများ ကျယ်ကျယ် ပြန့်ပြန့်   လက်ခံကျင့်သုံးလာစေ ရေး  အထူးအလေးထားဆောင် ရွက်ရန် ဆွေးနွေးမှာကြားသည်။
ထို့နောက်    ဒုတိယဝန်ကြီး သည် ပျော်ဘွယ်မြို့နယ် ဘုရား ကြီးအုပ်စု ချင်းယားကုန်းကျေးရွာ ၌ ပြုလုပ်သော  ဆင်းရွှေကြာ - ၂        မျိုးထိန်းခြင်းနှင့် မျိုးမြှင့်တင်ရေး  စိုက်ခင်းများကို  ကြည့်ရှုစစ်ဆေး ပြီး      ဒေသခံတောင်သူများနှင့် ခင်မင်ရင်းနှီးစွာတွေ့ဆုံ၍ စိုက်ပျိုး ရေးနှင့်      မွေးမြူရေးဆိုင်ရာ    နည်းစနစ်များကို       ရှင်းလင်း ဆွေးနွေးပြောကြားကာ လိုအပ် ချက်များကို    ညှိနှိုင်းပေါင်းစပ်     ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။                 သတင်းစဉ်