ဒုတိယဝန်ကြီး ဦးအောင်လှထွန်း The Global New Light of Myanmar သတင်းစာတိုက် စာတည်းအဖွဲ့နှင့် တွေ့ဆုံဆွေးနွေး

Image not available
 
 
 
ရန်ကုန် မတ် ၂
 
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း သည် ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရားလမ်းရှိ The Global New Light of Myanmar သတင်းစာတိုက်သို့ ရောက်ရှိပြီး သတင်းစာ အရည်အသွေးတိုးတက်ရေးအတွက် စာတည်းအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးသည်။
 
ဘက်စုံတိုးတက်ကောင်းမွန်ရန်လိုအပ်
 
တွေ့ဆုံရာတွင် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက The Global New Light of Myanmar သတင်းစာသည် နိုင်ငံတော်၏ အစိုးရအာဘော်ကို ထင်ဟပ်စေသည့် တစ်ခု တည်းသော အင်္ဂလိပ်သတင်းစာဖြစ်သဖြင့် သတင်းစာ အရည်အသွေးပိုင်း ဘက်စုံတိုးတက်ကောင်းမွန်ရန် လိုအပ် ပါကြောင်း၊ သတင်းရွေးချယ်တင်ဆက်ပုံနှင့် အင်္ဂလိပ်စာ အရေးအသား တိုးတက်ကောင်းမွန်ရေး၊ ကျွမ်းကျင်ဝန်ထမ်း များ မျိုးဆက်မပြတ်စေရေးအတွက် ဝန်ထမ်းများ လေ့ကျင့် ပျိုးထောင်ပေးရေးတို့အတွက် ပွင့်ပွင့်လင်းလင်းအကြံပြု ဆွေးနွေးကြစေလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် စာတည်းအဖွဲ့မှ တာဝန်ရှိသူများက လုပ်ငန်း လိုအပ်ချက်များနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေး တင်ပြကြရာ ဒုတိယဝန်ကြီးက ပြန်လည်ဖြည့်စွက် ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကားပြောကြားသည်။
 
 
သတင်းစဉ်