
နေပြည်တော် ဇွန် ၂၇
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအေးကျော်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇွန် ၂၆ ရက် ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြီး သာစည်ခရိုင်ရှိ ၁၃၂ ကေဗွီ ရေပေါင်းဆုံ ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ ဓာတ်အားခွဲရုံမှူးက ဓာတ်အားထိန်းချုပ် ခန်းအတွင်းမှ ဓာတ်အားစနစ်ဖြင့် ချိတ်ဆက်၍ ဓာတ်အားပို့လွှတ်ပေးနေမှု အခြေအနေကို ရှင်းလင်းတင်ပြရာ ဒုတိယ ဝန်ကြီးက ဓာတ်အားခွဲရုံကြံ့ခိုင်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပုံမှန် ထိန်းသိမ်းစစ်ဆေး ဆောင်ရွက်သွားရန်၊ ဓာတ်အားခွဲရုံဝင်းရှိ ဓာတ်အားလိုင်းနှင့် လွတ်ကင်းသည့် မြေလွတ်များတွင် သီးပင်စားပင်နှင့် နှစ်ရှည်ပင်များစိုက်ပျိုး ထားရှိရန်မှာကြားပြီး ဓာတ်အားထိန်းချုပ် ခန်းနှင့် ဆွိယာဒ် (Switch Yard) အတွင်း ရှိ ဓာတ်အား ထိန်းချုပ်ပစ္စည်းများနှင့် ဓာတ်အားလွှတ်ပစ္စည်းများ၏ အခြေ အနေကို လိုက်လံကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောခရိုင် အောင်ပန်းမြို့နယ် လျှပ်စစ် အင်ဂျင်နီယာရုံး၌ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဒုတိယဝန်ကြီးက ပြည်သူများ ၏ ဓာတ်အားသုံးစွဲမှု မှန်ကန်မှုရှိစေရေးနှင့် မီတာယူနစ်များ လိုဖတ်၊ ပိုဖတ်ခြင်းမရှိ စေရေး သတ်မှတ်ကာလအတွင်း မီတာ များ ပုံမှန်ဖတ်ရှုရန်နှင့် ဓာတ်အားခများ ပုံမှန်ကောက်ခံရရှိရေး အထူးအလေးထား ဆောင်ရွက်ကြရန်၊ ဓာတ်အားခငွေများ အလွဲသုံးစားမှု မဖြစ်ပေါ်စေရေးနှင့် အပြည့်အဝ ကောက်ခံရရှိရေး ရပ်၊ ပျက်၊ နှေးမီတာများကို ပုံမှန်ကွင်းဆင်း စစ်ဆေး၍ အမြန်ဆုံးအစားထိုးလဲလှယ် တပ်ဆင်ပေးရန်၊ မိုးဦးကာလရောက်ရှိလာ ပြီဖြစ်၍ ဓာတ်အားလိုင်းနှင့် မလွတ်ကင်း သည့် သစ်ပင်၊ သစ်ကိုင်းများ ပုံမှန်ရှင်းလင်းခုတ်ထွင်သွားရန်နှင့် ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြ ရန်တို့ကို မှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ရုံးလုပ်ငန်းဆောင် ရွက်နေမှုနှင့် ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်