
နေပြည်တော် ဇွန် ၁၂
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအေးထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦး လွင်မြို့နယ်ရှိ ခန္တီးဘုန်းတော်ကြီးသင် ပညာရေး ကျောင်း ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တပညိန္ဒ၊ အေးမြချမ်းသာ သီလရှင်သင်ပညာရေးကျောင်း ကျောင်းအုပ်ဆရာကြီး ဒေါ်ပါရမီနှင့် ရွှေစင်မင်း သီလရှင်သင် ပညာရေးကျောင်း ကျောင်းအုပ်ဆရာ ကြီး ဒေါက်တာဒေါ်နန္ဒသိင်္ဂီတို့အား သွားရောက် ဖူးမြော်ကြည်ညိုပြီး နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကာ ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ ကျောင်းသား ကျောင်းသူများ စာသင်ကြားနေမှုအခြေအနေကို ကြည့်ရှုအားပေးသည်။
အလားတူ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇွန် ၁၁ ရက် နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ရှိ ဇညပဏ္ဍိစ္စပါလ ကမ္ဘောဇဘုန်းတော်ကြီး သင် ပညာရေးကျောင်း ကျောင်းအုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဇဝန၊ အောင်မြေဦးဘုန်းတော်ကြီး သင် ပညာရေးကျောင်း ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တဝိလာသ၊ မန္တလေးတိုင်းဒေသကြီး ချမ်းမြ သာစည်မြို့နယ်ရှိ မဟာဝိဇယရံသီ(စလေ) ဘုန်းတော် ကြီးသင် ပညာရေးကျောင်း ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တဝိဇယ၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ မဟာဂန္ဓာရုံ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကျောင်းအုပ် ဆရာတော် ဘဒ္ဒန္တမဟိန္ဒနှင့် အောင်မြေသာစံမြို့နယ်ရှိ ဖောင်တော်ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တနာယကတို့အား သွားရောက်ဖူးမြော်ကြည်ညိုကာ နဝကမ္မအလှူတော် ငွေများ ဆက်ကပ်လှူဒါန်းပြီး ဆရာ ဆရာမများအား ရင်းရင်းနှီးနှီး နှုတ်ဆက်၍ ကျောင်းသား ကျောင်းသူ များ စာသင်ကြားနေမှုကို ကြည့်ရှုအားပေးသည်။
ထို့ပြင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇွန် ၁၀ ရက် နံနက်ပိုင်းက မိတ္ထီလာမြို့နယ်ရှိ မုန်ပင်ဆည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကျောင်းအုပ် ဆရာတော် ဘဒ္ဒန္တဝိနယ၊ ခေမာသီရိ သီလရှင်သင် ပညာရေးကျောင်း ကျောင်းအုပ်ဆရာကြီး ဒေါ်ဝဏ္ဏ သီရိနှင့် ပထမကျော်ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တသီလာစာရ တို့အား သွားရောက်ဖူးမြော်ကြည်ညိုပြီး နဝကမ္မ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကာ ဆရာ ဆရာမများအား ရင်းရင်းနှီးနှီး နှုတ်ဆက်၍ ကျောင်းသား ကျောင်းသူများ စာသင်ကြားနေမှုကို ကြည့်ရှုအားပေးသည်။
ဒုတိယဝန်ကြီးသည် အဆိုပါ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် သီလရှင်သင်ပညာရေး ကျောင်းများသို့ ရောက်ရှိစဉ် ကျောင်းစတင်ဖွင့်လှစ် သင်ကြားနေမှု၊ ဆရာ ဆရာမများအား ထောက်ပံ့ ကြေးပေးအပ်မှု၊ ပညာသင်ကြားရာတွင် ကျောင်းသား ဦးရေနှင့် ဆရာဦးရေ မျှတမှု ရှိ/မရှိ၊ စာမေးပွဲဖြေဆို ရာတွင် အခက်အခဲ ရှိ/မရှိ၊ ကျောင်းသားစာရင်း ကောက်ယူခြင်း၊ ကျောင်းပြောင်း လက်ခံခြင်းတို့တွင် စနစ်တကျရှိစေရေး၊ အခြေခံပညာဦးစီးဌာနက ဖွင့်လှစ်သော သင်ရိုးသစ်သင်တန်းများနှင့် ဘာသာ ရပ်မွမ်းမံသင်တန်းများ တက်ရောက်စေရေးနှင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် ပညာရေး ဝန်ကြီးဌာနကသာ အဓိကတာဝန်ယူဆောင်ရွက်နေ ခြင်းဖြစ်သောကြောင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများ အနေဖြင့်လည်း ပညာရေးဝန်ကြီးဌာနက ချမှတ်ထားသော မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ကျောင်းအပ်လက်ခံရေးကိစ္စရပ်များကို ဆွေးနွေးလျှောက်ထားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်