ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ရန်ကုန်တိုင်းဒေသကြီး ငမိုးရိပ်ရေထိန်းတံခါးနှင့် ပဲခူးတိုင်းဒေသကြီး ရေကြီးနစ်မြုပ်မှုကာကွယ်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   သြဂုတ်  ၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည်  သြဂုတ် ၆ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး     လှည်းကူးမြို့နယ်ရှိ ငမိုးရိပ်ရေထိန်းတံခါး   ကြံ့ခိုင်မှုကို ကြည့်ရှုစစ်ဆေးပြီး      ရေတံခါး၏ ရေထွက် လမ်းကြောင်းတစ်လျှောက် တိုင်းတာစစ်ဆေးရန်၊   ရေတံခါး တွင်     နုန်းမတင်စေရန်အတွက် ရေတံခါးဖွင့် - ပိတ်ဇယား  ရေးဆွဲ ဆောင်ရွက်ရန်   လိုအပ်ချက်များ၊ မိမိတို့ဌာနမှ     ထိန်းသိမ်းထား သည့်   ဒဂုံမြို့သစ်   မြို့နယ်များရှိ ရေတံခါးများ ရေထွက်ပေါက်များ ၏ ရေစီးရေလာ ကောင်းမွန်စေရေး စဉ်ဆက်မပြတ် ဂရုပြုဆောင်ရွက် ရန် တာဝန်ရှိသူများကို  ဆွေးနွေး မှာကြားသည်။
ထိုမှတစ်ဆင့် ပဲခူးတိုင်းဒေသ ကြီး၏     ရေဘေးကာကွယ်ရေး လုပ်ငန်းတစ်ခုဖြစ်သည့်       ပဲခူး တာ  မိုင်တိုင် ၂/၀ ရှိ ရေလွှဲပေါက်ကို  ကြည့်ရှုစစ်ဆေးပြီး     လုပ်ငန်း ဆိုင်ရာ လိုအပ်ချက်များ ဆွေးနွေး မှာကြားသည်။
ဇူလိုင် ၂၈ ရက်က ပဲခူးမြို့နယ် တွင်ဖြစ်ပေါ်ခဲ့သည့် မြစ်ရေကြီးမှု ကြောင့်     စိုက်ပျိုးမြေ    ဧရိယာ ၁၀၀၀၀ ခန့် ခေတ္တရေလွှမ်းမိုးမှု ကြုံတွေ့ခဲ့ရပြီး ယခုအခါ ရေများ တဖြည်းဖြည်း ကျဆင်းလာပြီဖြစ် ကြောင်း၊     ပဲခူး - စစ်တောင်း တူးမြောင်းမှတစ်ဆင့် ရေကြီးကွင်း ရေနက်ကွင်းများသို့  ခေတ္တရေနေ ရေထိုင်ပြုပြီးနောက် ကဝမြို့နယ် တွင်    တည်ဆောက်ထားရှိသော ပိုင်ကျုံရေတံခါးနှင့်       ရွှေလှေ ရေတံခါးတို့မှတစ်ဆင့် ပဲခူးမြစ်ရေ ကျဆင်းချိန်တွင် ပဲခူးမြစ်အတွင်း သို့    ပြန်လည်ကျဆင်းသွားမည် ဖြစ်ကြောင်း သိရသည်။  
ဆက်လက်၍    ပဲခူးမြို့နယ် စည်ပင်သာယာရေး    နယ်နိမိတ် အတွင်းရှိ      ပန်းလှိုင်- ပုဏ္ဏားစု- မုန်တိုင်းတာ၊     ကျောက်ကြီးစု- ညောင်ဝိုင်းတာများ၏    တာထိပ် နိမ့်ကျနေသည့်     အပိုင်းများမှ မြို့တွင်းဧရိယာအတွင်းသို့ ရေကျော် ဝင်ရောက်မှု     မရှိစေရေးအတွက် ၁ ပေမှ ၃ ဒသမ ၅ ပေ အမြင့်ရှိသည့် သဲအိတ်နှင့်   poly  fiber  sheet ကာရံထားရှိမှုများကို    ကြည့်ရှု စစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ဆည်မြောင်း ပညာရပ်ဖွံ့ဖြိုးမှု    လေ့ကျင့်ရေး ဌာနခွဲ(ပဲခူး) အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး    လယ်ယာကဏ္ဍ ဆိုင်ရာ        တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးဧရိယာများ၏ ရေကြီးနစ်မြုပ်ခဲ့မှု    အခြေအနေ၊ သီးနှံ   ထိခိုက်ပျက်စီးဆုံးရှုံးမှုနှင့် ရာသီချိန်မီ     ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ သက်တမ်းတို စပါး များ စိုက်ပျိုးရန်အတွက်  မျိုးစေ့ ဖူလုံရေး       ဆောင်ရွက်ထားရှိမှု အခြေအနေများကို     ဆွေးနွေး ခဲ့ကြသည်။
ထို့နောက်     ဒုတိယဝန်ကြီး သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌  ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေ ဝင်း၊ တိုင်းဒေသကြီးစိုးရအဖွဲ့ဝင် များနှင့်တွေ့ဆုံ၍ ရေကြီးမှုဖြစ်စဉ် နှင့် ပတ်သက်၍  စီမံဆောင်ရွက် နေမှုအခြေအနေများကို ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်