ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ရန်ကုန်တိုင်း‌ဒေသကြီးရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့်တွေ့ဆုံ

 

ရန်ကုန်   ဩဂုတ်    ၂၀
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဇော်အေးမောင်သည် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ တိုင်းရင်းသား‌ရေးရာဝန်ကြီး ဦးစော ဂျက်ကော့ထူးနှင့်အတူ   ယမန်နေ့    မွန်းလွဲပိုင်းက တိုင်းဒေသကြီး  ညွှန်ကြားရေးမှူးရုံးတွင်  ရန်ကုန် တိုင်းဒေသကြီးရှိ တိုင်းရင်းသားစာပေနှင့် ယဉ်‌ကျေးမှု အသင်းများ၊  ရခိုင်လူမှုရေးအသင်းများမှ တာဝန်ရှိသူ များနှင့် တွေ့ဆုံသည်။ 
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ကမ္ဘာ့ပထဝီနိုင်ငံ ရေး၊ မြန်မာ့ပထဝီနိုင်ငံရေး၊ လက်ရှိ  ကမ္ဘာ့ပထဝီနိုင်ငံ ရေးများက မြန်မာနိုင်ငံအပေါ်   သက်ရောက်မှုများ၊ အဆိုပါသက်ရောက်မှုအပေါ် တိုင်းရင်းသားများက စည်းလုံးညီညွတ်စွာဖြင့် အမျိုးသားအကျိုးစီးပွားကို ရှေးရှု၍ ဆောင်ရွက်သွားရန်၊  အောက်တိုဘာ ၁ ရက် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများတွင် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွား ကြရန်၊ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်နှင့် ပြည်ထောင်စု စိတ်ဓာတ်တို့ကိုအခြေခံ၍ နိုင်ငံတော်က ဆောင်ရွက် နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်စေ ရန် ပူးပေါင်းဆောင်ရွက်နိုင်ကြရန်၊ အသင်းအဖွဲ့များ မှတ်ပုံတင်ရေးဥပဒေနှင့်အညီ မိမိတို့၏အသင်းအဖွဲ့ များကို  ပြန်လည်မှတ်ပုံတင်နိုင်ရေးတို့ကို   ဆွေးနွေး ပြောကြားသည်။     
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသား ရေးရာဝန်ကြီးက   တိုင်းဒေသကြီးအတွင်း    အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်  တိုင်းရင်းသား ရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ သည်။
ဆက်လက်၍ တက်ရောက်လာသည့် တိုင်းရင်း သားစာပေနှင့်ယဉ်ကျေးမှုအသင်းများက တိုင်းရင်း သားရေးရာကိစ္စရပ်များ ဆောင်ရွက်မှုအခြေအနေနှင့် လိုအပ်သည်များအား တင်ပြကြရာ  ဒုတိယဝန်ကြီး က ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး   တိုင်းရင်းသား ရေးရာကိစ္စရပ်များ     ဆောင်ရွက်နိုင်ရန်အတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် ဒုတိယဝန်ကြီးက တိုင်းရင်းသားစာပေ နှင့်  ယဉ်ကျေးမှုဦးစီးဌာနနှင့်   တိုင်းရင်းသားအခွင့် အရေးများ    ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးရှိ ဝန်ထမ်း များနှင့်တွေ့ဆုံ၍ တိုင်းရင်းသားများ၏ စာပေယဉ်ကျေး မှု၊ ဓလေ့ထုံးစံများ ထိန်းသိမ်းစောင့်ရှောက်ရေး၊ လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး စသည့် တိုင်းရင်းသား ရေးရာကိစ္စရပ်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ် ကွပ်ကဲမှုဖြင့် တိုင်းရင်းသားစာပေ နှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွား ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်