ဒုတိယဝန်ကြီး ဦးလှကျော် ဧရာဝတီမြစ်နှင့် ငဝန်မြစ် ရေတားတာများကြံ့ခိုင်မှုနှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ဒုတိယဝန်ကြီး ဦးလှကျော် ဧရာဝတီမြစ်နှင့် ငဝန်မြစ် ရေတားတာများကြံ့ခိုင်မှုနှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

 

==================================================================

 

နေပြည်တော် ဩဂုတ် ၉

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၁၀ နာရီက ဟင်္သာတကမ်းနားတာ (အိပ်ပျက်)တွင် တာပုံစံကျပြုပြင်ခြင်းလုပ်ငန်းနှင့် ဖြတ်တာ သစ်တွင် ရေဝင်ရောက်မှုအခြေအနေများ၊ မြစ်ကမ်း ကာကွယ်ခြင်းလုပ်ငန်း၊ လှိုင်းကာတန်းရိုက်ခြင်းလုပ်ငန်း၊ ကမ်းပြိုကမ်းစားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ရှင်းလင်းတင်ပြ

 

ထို့ပြင် ဒုတိယဝန်ကြီးသည် ဟင်္သာတမြို့နယ် ဧရာဝတီ- ဟင်္သာတတာ တာမိုင် လေးမိုင်၊ ခြောက်ဖာလုံသို့လည်းကောင်း ရောက်ရှိစစ်ဆေးရာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲ ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများက ဟင်္သာတကမ်းနားတာ တာမိုင် ငါးမိုင်၊ နှစ်ဖာလုံနှင့် ဧရာဝတီ-ဟင်္သာတတာ တာမိုင် လေးမိုင်၊ ခြောက်ဖာလုံတွင် တည်ဆောက်ပြီးစီးသည့် ဖြတ်တာသစ် အခြေအနေများကိုလည်းကောင်း၊ ဖြတ်တာသစ်အား ကြံ့ခိုင် မှုရှိစေရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေများ ကို လည်းကောင်း၊ ဟင်္သာတခရိုင်အတွင်း ကမ်းပြိုကမ်းစားမှု အခြေအနေများနှင့် ရေကင်းစခန်း ဆောင်ရွက်ထားရှိမှုများ ကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပါ် ဒုတိယဝန်ကြီးက ဧရာဝတီ မြစ်ရေ တိုက်စားမှုကြောင့် မြို့ရွာကျေးလက်နေ ပြည်သူများ ၏ လူနေမှုဘဝ မထိခိုက်စေရေး အလေးထားဆောင်ရွက်ရန် လိုအပ်မှု၊ မြစ်ရေစီးဆင်းမှုလမ်းကြောင်းအရ ကမ်းပြိုကမ်းစား မှုအခြေအနေများ လျော့နည်းသက်သာစေရန် သက်ဆိုင်ရာ ဌာနများ တာဝန်ရှိအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ကြရန်၊ မြစ်ရေတိုက်စားမှုကြောင့် ဖြစ်ပေါ်လာမှုသည် ထိခိုက်မှုအနည်းဆုံးဖြစ်စေရန်နှင့် ဖြတ်တာသစ်တွင် တာအိတာလျှောခြင်းများ မဖြစ်ပေါ်စေ‌ရန်၊ မြစ်ရေစီး ကြောင်း‌ကြောင့် ကမ်းပြိုကမ်းစားခြင်းနှင့် ထိခိုက်ဆုံးရှုံးမှု အပေါ် ပြန်လည်ကုစားနိုင်မည့် နည်းလမ်းများအား ဝိုင်းဝန်း ပူးပေါင်း၍ လျင်မြန်စွာဆောင်ရွက်ပေးနိုင်ရန် လိုအပ် ချက်များကို ဆွေးနွေးမှာကြားသည်။

ညှိနှိုင်းဆောင်ရွက်

 

ထို့နောက် ဒုတိယဝန်ကြီးက ဟင်္သာတကမ်းနားတာ တာမိုင် လေးမိုင်၊ ခြောက်ဖာလုံ ဦးမိုးလေး (ဖြတ်တာ-၁) ကမ်းပြိုကမ်းစားမှုအခြေအနေများ၊ ဟင်္သာတကမ်းနားတာ တာမိုင် ငါးမိုင်၊ နှစ်ဖာလုံနှင့် ဧရာဝတီ-ဟင်္သာတတာ တာမိုင် လေးမိုင်၊ ခြောက်ဖာလုံတွင် တည်ဆောက်ပြီးစီးသည့် ဖြတ်တာအသစ်နှင့် ရေကင်းစခန်းများနှင့် မြစ်ရေစီးကြောင်း ပြောင်းလဲမှုအား မြစ်ကမ်းနံရံမှ သွေဖည်သွားစေရေး ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးကာ လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြန်အောင် မြို့နယ်၊ မြန်အောင်တာ တာမိုင် ခြောက်မိုင်၊ သုံးဖာလုံနှင့် ခြောက်မိုင်၊ ခုနစ်ဖာလုံသို့ရောက်ရှိပြီး ကမ်းရင်းတာ၊ ပန်းတာ နှင့် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုကမ်းစားမှုများကို ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော် က ကမ်းပြိုကမ်းစားမှု ကာကွယ်ခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်းနှင့် ဆက်လက်ကမ်းပြိုမှုမရှိစေရေး ဆောင်ရွက်ထားမှု၊ ဟင်္သာတခရိုင်အတွင်း ရေဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများအတွက် အရေးပေါ်အသုံးပြုနိုင် ရန် စက်ယန္တရားကြီးများ အသင့်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ် ခရိုင် ရေကြည်မြို့နယ်နှင့် သာပေါင်းမြို့နယ်များသို့ ရောက်ရှိပြီး ငဝန်တာ တာမိုင် ၄၅မိုင်မှ ၄၆ မိုင်၊ နှစ်ဖာလုံ အခြေအနေကို ကြည့်ရှုစစ်ဆေးကာ မြစ်ရေကြီးချိန်တွင် ငဝန်တာတမံကျိုးပေါက်မှုမရှိစေရေး စနစ်တကျ ကာကွယ် ထိန်းသိမ်းကြရန်နှင့် ကမ်းပြိုကမ်းစားမှုမရှိစေရေး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ညှိနှိုင်းဆောင်ရွက် ပေးသည်။

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မိုးရာသီသို့ ရောက်ရှိလာပါက တာတမံများ၏ အရေးကြီးနေရာများအား ဂရုပြုစောင့်ကြည့်ခြင်း၊ ပြည်သူ များအား ရေဘေးကာကွယ်ရေး သရုပ်ပြပွဲများ ဆောင်ရွက် ပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ အရေးပေါ် အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုစီမံချက် (Emergency Prepareness Plan-EPP) လုပ်ငန်းစဉ်များ ရေးဆွဲ၍ လုပ်ငန်းစဉ်အဆင့် (၁)၊ (၂)၊ (၃) သတ်မှတ်ကာ လုပ်ငန်း အဆင့်အလိုက် သတင်းပို့စနစ် ကျင့်သုံးနိုင်ရန် အသိပညာ ပေး ဟောပြောခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

 

တည်ဆောက်ထား

မိုးရာသီကာလများတွင် ဧရာဝတီ-ဟင်္သာတ တာတမံ များတစ်လျှောက် ဌာနရေကင်းတဲများကို ကြံခင်းမြို့နယ် တွင် တစ်ခု၊ မြန်အောင်မြို့နယ်တွင် ရှစ်ခု၊ အင်္ဂပူမြို့နယ်တွင် ၁၁ ခု၊ ဟင်္သာတမြို့နယ်တွင် ၁၃ ခု၊ ဇလွန်မြို့နယ် ဧရာဝတီ ဟင်္သာတတာတွင် ခုနစ်ခုနှင့် ဧရာဝတီအရှေ့ဘက်ကမ်း တာတွင် လေးခု၊ ပေါင်း ၁၁ ခု၊ ငဝန်တာ တစ်လျှောက် လေးမျက်နှာမြို့နယ်တွင် လေးခုနှင့် ဟင်္သာတခရိုင်တွင် စုစုပေါင်း ၄၈ ခု ကိုလည်းကောင်း၊ ငဝန်တာတမံတစ်လျှောက် ရေကြည်မြို့နယ်တွင် ဌာနမှ ရေကင်းစခန်း လေးခုနှင့် သာပေါင်းမြို့နယ်တွင် ဌာနမှ ရေကင်းစခန်း လေးခု၊ စုစုပေါင်းရေကင်းစခန်း ရှစ်ခုကိုလည်းကောင်း တည်ဆောက် ထားပြီး ရေဘေးကာကွယ်ရေးပစ္စည်းများထားရှိကာ မိုးရာသီ၌ ရေကြီးမှုဖြစ်စဉ်များအား အချိန်နှင့် တစ်ပြေးညီ ရေကင်းလှည့်လည်ခြင်းနှင့် ထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်းများကို ပုသိမ်ခရိုင်အတွင်း ရေကြည်၊ သာပေါင်း၊ ကျုံပျော်၊ ကျောင်းကုန်းမြို့နယ်များအပါအဝင် စုစုပေါင်း ရေဘေးကာကွယ်ဧရိယာ ၂၁၀၆၇၆ ဧကရှိသော ငဝန်တာ တွင် မိုးရာသီ ရေဘေးကာကွယ်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ချောင်းမြောင်း ၁၅၇ မြောင်း၊ အရှည်မိုင် ၄၉၈ မိုင် တူးဖော် ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်