
နေပြည်တော် မတ် ၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလှကျော်သည် မတ် ၆ ရက် ညနေပိုင်းတွင် ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတ မြို့နယ် ဖောင်ဆိပ်ကျေးရွာအနီး ဟင်္သာတကမ်းနားတာ ကမ်းပြို ကမ်းစားမှုမှ ကာကွယ်ရန် မြစ်ကမ်း ကာကွယ်ခြင်းလုပ်ငန်းခွင်ကို ကြည့်ရှု စစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီးသည် ဟင်္သာတ ကမ်းနားတာ တာမိုင် (၄/ ၃) မိုင်မှ (၅/ ၂) မိုင်အတွင်း ကမ်းပြိုကမ်းစားမှု မှ ကာကွယ်ရန် မြစ်ကမ်းကာကွယ် ခြင်းနှင့် ဖြတ်တာတည်ဆောက်ရေး လုပ်ငန်းခွင်၊ တာမိုင် သုည မိုင်မှ ၄ ဖာလုံအတွင်း တာပုံစံကျပြုပြင်ခြင်း နှင့် အိတ်ပျက်တာ လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးသည်။
ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် ဧရာဝတီမြစ်အတွင်း မြစ်ကြောင်း ပြောင်းလဲမှုကြောင့် ကမ်းပြိုကမ်းစား ဖြစ်ပေါ်နေခြင်းကို ပြုပြင်ဆောင်ရွက် ရန်အတွက် မြစ်ကမ်းကာကွယ်ရေး လုပ်ငန်းများ၊ တာအိတာလျှော ကာကွယ်ရေးလုပ်ငန်းများအား အချိန် နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိပြီး ကမ်းပြို မှု အနည်းဆုံးဖြစ်အောင် စီမံချက်များ ရေးဆွဲဆောင်ရွက်လျက် ရှိသည်။
ဧရာဝတီ မြစ်ကြောင်းအတွင်း ရေစီးကြောင်း ဦးတည်တိုက်စားနေ သည့် ဟင်္သာတကမ်းနားတာ တာမိုင် (၄/၃) မိုင်မှ (၅/ ၂) မိုင်အတွင်းနှင့် တာမိုင် သုညမိုင်မှ ၄ ဖာလုံအတွင်း ထိခိုက်ပျက်စီးမှုများ ကာကွယ်ရေး လုပ်ငန်းစဉ်အရ မြစ်ကမ်းကာကွယ် ခြင်းနှင့် ဖြတ်တာတည်ဆောက်ရေး လုပ်ငန်းများ၊ တာပုံစံကျပြုပြင်ခြင်း များကို ဆောင်ရွက်လျက်ရှိရာ မြစ်ကမ်းကာကွယ်ခြင်းလုပ်ငန်း ၉၅ ရာခိုင်နှုန်းနှင့် ဖြတ်တာတည်ဆောက် ခြင်းလုပ်ငန်း ၁၄ ရာခိုင်နှုန်းအထိ ဆောင်ရွက်ပြီးစီးကာ အဆိုပါလုပ်ငန်း များကို မိုးရာသီမတိုင်မီ အပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်သည်။
ဒုတိယဝန်ကြီး ဦးလှကျော်သည် မတ် ၇ ရက် နံနက်ပိုင်းတွင် ဧရာဝတီ တိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူ မြို့နယ် မရမ်းချောင်းကျေးရွာ ဟင်္သာတဘက်ကမ်းတာ တာမိုင် (၄၆/၂) မိုင်မှ (၄၆/၄) မိုင်အတွင်း မြစ်ကမ်းပြိုကျမှုကို ဖြတ်တာ တည်ဆောက်မည့်နေရာအား ကြည့်ရှု စစ်ဆေးပြီး ရေဘေးအန္တရာယ် ကျရောက်မှုမှ ကာကွယ်ပေးနိုင်ရေး အတွက် လိုအပ်သည့် တာတမံပြုပြင် မှုများနှင့် ကမ်းပါးပြို မှုမှ ကာကွယ်နိုင် ရေးအတွက် ဖြတ်တာတည် ဆောက်ရေးလုပ်ငန်းကို မိုးရာသီ မတိုင်မီ အပြီးသတ်ဆောင်ရွက်နိုင်ရေး နှင့် ရေရှည်ထိန်းသိမ်းဆောင်ရွက် နိုင်မည့် အစီအစဉ်များကို ဆွေးနွေး မှာကြားသည်။
ဖြတ်တာတည်ဆောက်ရေး
မြစ်ရေ တိုက်စားမှုကြောင့် ဟင်္သာတခရိုင်အတွင်း မြစ်ကမ်းပြို မှု ဖြစ်ပွားသည့်နေရာများ၏ အနောက် ဘက်မှ ဖြတ်တာတည်ဆောက်ရေး လုပ်ငန်းများကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်း၍ မိုးရာသီကာလမတိုင်မီ စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်