ဒုတိယဝန်ကြီး ဦးလွင်ဦး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာ အဘ်ဟေးတာကူးရ် ကို လက်ခံတွေ့ဆုံ

 

နေပြည်တော်  ဩဂုတ်  ၉
နိုင်ငံခြားရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးလွင်ဦး သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာ အဘ်ဟေးတာကူးရ် ကို  ယနေ့နံနက်  ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။    
တွေ့ဆုံစဉ်    ရှိရင်းစွဲ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို မြှင့်တင်ရေးနှင့် နှစ်နိုင်ငံအကြားဆောင်ရွက်လျက်ရှိသည့် ပေါင်းစည်း ဆက်နွှယ်မှု စီမံကိန်းများနှင့် နှစ်နိုင်ငံ နယ်စပ်ဒေသ စီမံခန့်ခွဲမှုဆိုင်ရာယန္တရားများ  အပါအဝင်  နှစ်နိုင်ငံ အပြန်အလှန်အကျိုးရှိမည့်ကဏ္ဍများတွင် ပိုမိုပူးပေါင်း ဆောင်ရွက်သွားရေးကိစ္စရပ်များနှင့်   စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်  ဆွေးနွေးခဲ့ကြ သည်။
သတင်းစဉ်