
နေပြည်တော် ဇူလိုင် ၁၀
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလွင်ဦးသည် တာဝန် ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် ရခိုင်ပြည်နယ် စစ်တွေမြို့ အခြေ စိုက် အိန္ဒိယသမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ် ဝန်ချုပ် မစ္စတာ ဘီဘေကာနန္ဒာ ဘတ္တာမစ်ရှရာ ကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက အိန္ဒိယ ကောင်စစ်ဝန်ချုပ်အနေ ဖြင့် စစ်တွေမြို့တွင် အခြေစိုက်၍ တာဝန် ထမ်းဆောင်စဉ်ကာလ အတွင်း နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင် နိုင်ရေးအတွက် ကြိုးပမ်း ဆောင် ရွက်ခဲ့မှုများအတွက် ဂုဏ်ယူပါ ကြောင်း ပြောကြားပြီး နှစ်နိုင်ငံ အကြား သမိုင်းကြောင်းစဉ်လာ ရှိသည့်ဆက်ဆံရေး ပိုမိုတိုးတက် ခိုင်မာရေး၊ နှစ်နိုင်ငံအကြား ဆောင်ရွက်လျက်ရှိသည့် ကုလား တန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်း သယ်ယူပို့ဆောင်ရေး စီမံကိန်းနှင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ စီမံကိန်းများ ကို ဆက်လက်ပူးပေါင်း အကောင် အထည်ဖော်သွားရေး ကိစ္စရပ် များနှင့် စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။ သတင်းစဉ်