
နေပြည်တော် ဇူလိုင် ၂
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလွင်ဦးသည် တာဝန် ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မန္တလေးမြို့အခြေစိုက် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ် ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် မစ္စတာ ချန်းချန်း အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ပူးပေါင်းဆောင်ရွက်ရေး
ဆွေးနွေး
ထိုသို့ တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား တည်ရှိ ပြီးဖြစ်သည့် ရှိရင်းစွဲ ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ပိုမို တိုးတက်ခိုင်မာစေရေး၊ မြန်မာ-တရုတ် နယ်စပ်ဒေသ တစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ပိုမိုမြှင့်တင်နိုင်ရန် ဆက်လက် ပူးပေါင်းဆောင်ရွက် သွားရေး၊ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် နှစ်ဖက်အပြန်အလှန် အကျိုးဖြစ် ထွန်းစေမည့် ပူးပေါင်းဆောင်ရွက် မှုများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် အာဆီယံနှင့် ကုလသမဂ္ဂတွင် ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက် သွားရေးကိစ္စတို့အပေါ် ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရ သည်။
သတင်းစဉ်