ဒုတိယဝန်ကြီး ဦးမင်းမင်း ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ တောင်ဒဂုံစားအုန်းဆီသန့်စက်ရုံ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဩဂုတ်    ၃
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးမင်းမင်းသည် ယနေ့ မွန်းလွဲ ပိုင်းက     ဒဂုံဆိပ်ကမ်းမြို့သစ် မြို့နယ်ရှိ   တောင်ဒဂုံစားအုန်းဆီ သန့်စက်ရုံ  (South Dagon Oil Mill Co., Ltd.) သို့  သွားရောက် ကြည့်ရှုစစ်ဆေးပြီး     သတ်မှတ် အရည်အသွေးများနှင့်အညီ ထုတ် လုပ်ရန်၊  ပြည်ပမှ   စားအုန်းဆီ တင်သွင်းမှုကို   လျှော့ချနိုင်ရေး အတွက်      ကုန်ထုတ်စွမ်းအား တိုးတက်အောင် ကြိုးပမ်းဆောင်  ရွက်ရန်နှင့် ထုတ်လုပ်မှုစရိတ်ကို တတ်နိုင်သမျှလျှော့ချပြီး သင့်တင့် မျှတသည့် ဈေးနှုန်းဖြင့် ဖြန့်ဖြူး ရောင်းချနိုင်ရေး ကြိုးပမ်းဆောင် ရွက်ရန် ဆွေးနွေးပြောကြားသည်။
ထို့နောက်    စက်ရုံအတွင်း လှည့်လည်ကြည့်ရှု      စစ်ဆေးရာ စက်ရုံတာဝန်ရှိသူများက စားအုန်း ဆီကြမ်းများ     အချွဲချွတ်ခြင်း၊ အချဉ်ချွတ်ခြင်း၊    အရောင်ချွတ် ခြင်း၊ အနံ့ချွတ်ခြင်း၊ ဆီအကြည် နှင့် အခဲခွဲထုတ်ခြင်းတို့ကို ဆီကြမ်း မှ     ဆီချောထွက်ရှိသည်အထိ လုပ်ငန်းစဉ်အဆင့်ဆင့်ကို    ရှင်း လင်း ပြသသည်။
တောင်ဒဂုံ  စားအုန်းဆီသန့် စက်ရုံသည်  ရန်ကုန်တိုင်းဒေသ ကြီး ဒဂုံဆိပ်ကမ်းမြို့သစ်မြို့နယ် ပဲခူးမြစ်လမ်းပေါ်၌    တည်ရှိပြီး ဝန်ထမ်းအင်အား    ၈၅ ဦးဖြင့် စက်တပ်ဆင်အင်အား  တစ်ရက် လျှင် စားအုန်းဆီကြမ်း တန်ချိန် ၁၅၀ ကို သန့်စင်ပေးနိုင်ကြောင်း သိရသည်။     တနင်္သာရီတိုင်း ဒေသကြီး   ဘုတ်ပြင်းမြို့နယ်ရှိ ဆီအုန်းစိုက်ဧက    ၁၄၆၀၀ မှ ထွက်ရှိသည့်   ဆီသီးခိုင်များကို ဆီကြိတ်ခွဲပြီး စားအုန်းဆီကြမ်း များကို       ရန်ကုန်     တောင်ဒဂုံ စားအုန်းဆီသန့်စက်ရုံသို့ သယ်ယူ ၍ စားအုန်းဆီကြမ်းမှ ဆီသန့်ရရှိ သည်အထိ  အဆင့်ဆင့်ကြိတ်ခွဲ ထုတ်လုပ်လျက်ရှိသည်။  
လက်ရှိတွင် ကုန်ကြမ်းရရှိမှု အခြေအနေအရတစ်လလျှင် ပျမ်းမျှ စားအုန်းဆီကြမ်းတန်ချိန် ၂၀၀၀ မှ ဆီသန့် (RBD Palm Olein)    တန်ချိန်  ၁၂၀၀ ခန့် ထုတ်လုပ် ပေးလျက်ရှိပြီး     စားသောက် ကုန်ထုတ်လုပ်သည့် စက်ရုံများနှင့် စားသောက်ဆိုင်များသို့  အဓိက ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း နှင့် ဘေးထွက်ပစ္စည်းများဖြစ်သည့် စားအုန်းဆီအနှစ်အခဲ   (Palm Stearin) များကို တိရစ္ဆာန်အစာ၊ ဇီဝလောင်စာ၊ ဆေးဝါးနှင့် အလှ ကုန်ထုတ်လုပ်သည့် လုပ်ငန်းများ သို့     ဖြန့်ဖြူးရောင်းချလျက်ရှိ ကြောင်း သိရသည်။   သတင်းစဉ်