ဒုတိယဝန်ကြီး ဦးရဲတင့် နိုင်ငံတကာအနုပညာဗဟိုဌာန(မန္တလေး) အဆောက်အအုံနှင့် အထက်မြန်မာပြည် ပုံနှိပ်စက်ရုံတို့ကို  ကြည့်ရှုစစ်ဆေး

 

မန္တလေး  ဇူလိုင် ၂၄


ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့ က    အထက်မြန်မာပြည်   ပုံနှိပ် စက်ရုံ(မန္တလေး)ကို ရောက်ရှိပြီး ပုံနှိပ်လုပ်ငန်းများ ဆောင်ရွက်နေ မှု ၊  ပုံနှိပ်စက်များ ကြံ့ခိုင်ရေး ဆောင်ရွက်မှု၊    ပုံနှိပ်ပြီးစာရွက် စာတမ်းများ ထားသိုမှုနှင့်  ယခု ဘဏ္ဍာနှစ်တွင် အသစ်တည်ဆောက် မည့် ဂိုဒေါင်တစ်လုံး ဆောက်လုပ် မည့်    မြေနေရာကို    ကြည့်ရှုကာ လိုအပ်သည်များကို မှာကြားသည်။


ယနေ့နံနက်ပိုင်းတွင် ဒုတိယ ဝန်ကြီးသည် မန္တလေးမြို့  ချမ်းမြ သာစည်မြို့နယ်  ၇၃   လမ်းပေါ်ရှိ နိုင်ငံတကာအနုပညာ ဗဟိုဌာန (မန္တလေး)    အဆောက်အအုံ၏   Steel Structure  များ   သံချေး မတက်စေရန်     ဆေးသုတ်ခြင်း လုပ်ငန်းနှင့်    တည်ဆောက်ပြီးစီး သည့်အပိုင်းများ   ကြံ့ခိုင်မှုရှိရေး ထိန်းသိမ်း       ဆောင်ရွက်နေမှု၊ ဆက်လက်ထိန်းသိမ်းဆောင်ရွက် ရမည့် ကိစ္စများကို ညှိနှိုင်းဆွေးနွေး မှာကြားခဲ့သည်။         

သတင်းစဉ်