ဒုတိယဝန်ကြီး ဦးရဲတင့်   ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများကို ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဩဂုတ်  ၇  


ပြန်ကြားရေးဝန်ကြီးဌာန  ဒုတိယ ဝန်ကြီး ဦးရဲတင့်သည်   ယမန်နေ့ နံနက်ပိုင်းက         ရှမ်းပြည်နယ် (တောင်ပိုင်း)     ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့  ရောက်ရှိကာ စာကြည့်တိုက်နှင့် လုပ်ငန်းဆောင် ရွက်မှုများ ကြည့်ရှုစစ်ဆေးသည်။ ထို့နောက်   ရှမ်းပြည်နယ်  လူမှု ရေးရာဝန်ကြီး  ဦးမင်းမင်းလွင်နှင့် အတူ ဝန်ထမ်းများအားတွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ     မှာကြား သည်။ မွန်းလွဲပိုင်းတွင် တောင်ကြီး မြို့      ပြန်ကြားရေးနှင့်  ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန  ပြည်နယ် ရုံး၌ လုပ်ငန်းဆောင်ရွက်နေမှုများ ကို        ကြည့်ရှုစစ်ဆေးကာ  ဝန်ထမ်းများနှင့် မိသားစုများအား တွေ့ဆုံအားပေးပြီး ထောက်ပံ့ငွေ နှင့်         စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ကြည့်ရှုစစ်ဆေး
ယနေ့နံနက်ပိုင်းတွင်  မန္တလေး တိုင်းဒေသကြီး   သာစည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံးနှင့် မိတ္ထီလာခရိုင် ရုံးတို့သို့လည်းကောင်း၊  မွန်းလွဲပိုင်း  တွင် ကျောက်ပန်းတောင်းမြို့နယ် ရုံးနှင့်    ချောက်မြို့နယ်ရုံးတို့သို့ လည်းကောင်း       ရောက်ရှိပြီး စာကြည့်တိုက်နှင့် လုပ်ငန်းဆောင် ရွက်မှုတို့ကို   ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများအား  တွေ့ဆုံမှာကြား သည်။


စာဖတ်ရှိန်မြှင့်တင်ရေး


ဒုတိယဝန်ကြီးက   ဝန်ထမ်း များအား မှာကြားရာတွင်  လူငယ် များ အပါအဝင် ပြည်သူများ အသိ ပညာဗဟုသုတပြည့်ဝရေးအတွက်  စာဖတ်ရှိန်မြှင့်တင်ရေး   လုပ်ငန်း များကို   သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ စာကြည့် တိုက်များတွင် စာဖတ်သူ၊ စာငှား သူ     တိုးတက်အောင်   စည်းရုံး ဆောင်ရွက်ရေး၊ မိမိတို့ကိုယ်တိုင် လည်း    စာပေလေ့လာဖတ်ရှုကြ ပြီး     အသိပညာတိုးတက်အောင် ကြိုးစားကြရန်နှင့်           ထာဝစဉ် လေ့လာသင်ယူနေသော လူ့အဖွဲ့ အစည်းဖြစ်အောင်     အားပေး ဖော်ဆောင်ရေး၊   နိုင်ငံ့ဝန်ထမ်း ကောင်းပီသစွာဖြင့် လုပ်ငန်းတာဝန် များကို ကျေပွန်စွာ  ထမ်းဆောင်ရေး၊ ယနေ့နိုင်ငံတော်တွင် တွေ့ကြုံနေ ရသည့် ဆူပူအကြမ်းဖက်မှုများနှင့် မတည်ငြိမ်မှုများ ပပျောက်ချုပ်ငြိမ်း ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်း ရေးအတွက်   ပြည်သူအားလုံးက နိုင်ငံတော်အစိုးရ၊  တပ်မတော်တို့ နှင့်အတူ ပူးပေါင်းပါဝင်  ကာကွယ် စောင့်ရှောက်သွားကြရန်     အသိ ပညာပေးရေးတို့ကို    မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်