
ရန်ကုန် ဩဂုတ် ၂၂
ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသို့ ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်များ River Cruise ဖြင့် လည်ပတ်နိုင်ရေး ခရီးစဉ်နှင့်စပ်လျဉ်း သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် သာကေတ မြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ (ယာပုံ)
အစည်းအဝေးသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးတင်လတ်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလှမော်ဦး၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်၊ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကို၊ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင် များအသင်း၊ မြန်မာနိုင်ငံ လက်မှု အနုပညာရှင်များအသင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၊ မြန်မာ နိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း နှင့် မြန်မာနိုင်ငံခရီးသွား ဈေးကွက် မြှင့်တင်ရေးအသင်းတို့မှ တာဝန်ရှိ သူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးတင်လတ်က ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်တွင်းခရီးသွား ပြည်သူများ၏ ခရီးသွားလာမှုပုံစံများ ပြောင်းလဲသွားပါကြောင်း၊ လူဦးရေ ထူထပ်သော နေရာများစားသောက် ဆိုင်များသို့ သွားလာလည်ပတ်သည့် ပုံစံမှ ဘေးကင်းလုံခြုံမှုရှိပြီး လူ ထူထပ်မှုမရှိသော အပန်းဖြေနေရာ များနှင့် စားသောက်ဆိုင်များကိုသာ သွားလာလည်ပတ်သည့် ပုံစံသို့ ပြောင်းလဲလာပါကြောင်း၊ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာသည် ထိုကဲ့သို့ ခရီးစဉ်ဒေသမျိုးဖြစ်အောင် ဖော်ဆောင် နိုင်သည့် အလားအလာများစွာရှိပါ ကြောင်း၊ ထိုကဲ့သို့ဖော်ဆောင်ရာတွင် ခရီးသွားများ River Cruise ဖြင့် လာရောက်ကာ တိုင်းရင်းသားကျေးရွာ တွင် ဆိုက်ကပ်၍ အပန်းဖြေနားနေ စားသောက်နိုင်သည့် ခရီးစဉ်မျိုး ဖြစ်အောင် တိုင်းရင်းသားလုပ်ငန်းရှင် များနှင့် တိုင်းရင်းသားကျေးရွာ မှ တာဝန်ရှိသူများက ပူးပေါင်း ဖော်ဆောင်ပါက ပြည်တွင်းခရီးသွား များ လာရောက်လည်ပတ်ရန် များစွာ အလားအလာရှိပါကြောင်း၊ စနစ် တကျနှင့် အများပြည်သူကို ဘေး အန္တရာယ်မဖြစ်စေမည့် ခရီးသွား လုပ်ငန်းအဖြစ် အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း ပြောကြား သည်။
ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦးက ပြည်ထောင်စု တိုင်းရင်းသားကျေးရွာသည် တိုင်းရင်း သားအမွေအနှစ် မပျောက်စေရေးကို မြှင့်တင်ရေးနှင့် အများပြည်သူ ရုံးပိတ်ရက်များတွင် အပန်းဖြေ လာရောက်လည်ပတ်နိုင်ရေးအတွက် ရည်ရွယ်ပါကြောင်း၊ ဘာသာမျိုးစုံ၊ လူမျိုးပေါင်းစုံ၊ ပွဲလမ်းသဘင်မျိုးစုံ တို့ကို စုပေါင်းကျင်းပနိုင်သည့် Ethnic Community Point အဖြစ် ဆောင် ရွက်လိုပါကြောင်း၊ တိုင်းရင်းသား ကျေးရွာတွင် တိုင်းရင်းသားလူမျိုး ကြီး(၈)မျိုး၏ ရိုးရာယဉ်ကျေးမှုနှင့် နေထိုင်မှု ဓလေ့စရိုက်များကို ပုံဖော် ပြသထားပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ(၆)ခု၏ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များကို ထပ်မံထည့်သွင်းပြသ နိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ လက်ရှိကာလတွင် ပြည်ပ ခရီးသွားများထက် ပြည်တွင်းခရီး သွားဧည့်သည်များကို ပိုမိုလာရောက် လည်ပတ်နိုင်ရေး ရည်မှန်းချက်ထားရှိ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ တာဝန်ခံ အရာရှိက ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် တိုင်းရင်းသားကျေးရွာ ပိတ်ထားသည့် အချိန်ကာလအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ခရီးသွားဧည့်သည်များ River Cruise ဖြင့် လာရောက်လည်ပတ်နိုင်ရေး ဆိပ်ခံဗောတံတား ဆောင်ရွက်၍ ရနိုင်မည့် လျာထားနေရာကို ပါဝါပွိုင့် ဖြင့် ရှင်းလင်းတင်ပြပြီး တက်ရောက် လာကြသည့် တိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်၊ တိုင်းရင်းသား အခွင့် အရေးများ ကာကွယ်စောင့်ရှောက် ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်း ရှင်များအသင်း၊ မြန်မာနိုင်ငံ လက်မှု အနုပညာရှင်များအသင်း၊ မြန်မာ နိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းနှင့် မြန်မာနိုင်ငံ ခရီးသွား ဈေးကွက်မြှင့်တင်ရေး အသင်းတို့မှ တာဝန်ရှိသူများက ၎င်းတို့၏လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေး တင်ပြကြရာ ဒုတိယဝန်ကြီး ဦးတင် လတ်နှင့် ဒုတိယဝန်ကြီး ဦးလှမော်ဦး တို့က လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးကာ ပေါင်းစပ်ဆောင်ရွက် ပေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး ဦးတင်လတ်သည် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာ နိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း နှင့် မြန်မာနိုင်ငံခရီးသွား ဈေးကွက် မြှင့်တင်ရေးအသင်းတို့မှ တာဝန်ရှိသူ များနှင့်အတူ တိုးပွား River cruise ဖြင့် လိုက်ပါ၍ ရန်ကုန်မြစ်အတွင်း အပျော်စီးရေယာဉ်ခရီးစဉ် ဖွံ့ဖြိုးရေး ဆောင်ရွက်နိုင်မှု အခြေအနေများ ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ သည်။ သတင်းစဉ်