ဒုတိယဝန်ကြီး ဦးတင်လတ် တောင်ငူမြို့ရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များနှင့် တွေ့ဆုံ

Image not available
နေပြည်တော်     မတ်      ၇ 
 
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးတင်လတ်သည် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ ဒေသခံဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင် များနှင့် တောင်ငူခရိုင် Tourism Board အဖွဲ့ဝင်များအား တော်ဝင်ကေတုမတီဟိုတယ်၌ တွေ့ဆုံသည်။
 
ခရီးစဉ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး
 
တွေ့ဆုံပွဲတွင်    ဒုတိယဝန်ကြီး   ဦးတင်လတ်က သက်ဆိုင်ရာဒေသများတွင် လိုအပ်ချက်အပေါ်မူတည်၍ ခရိုင်၊ မြို့နယ်အဆင့် ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုအဖွဲ့(DMO) များကိုဖွဲ့စည်း၍  ခရီးစဉ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊  ပြည်တွင်း ပြည်ပ ခရီးသွားများ   အဆင်ပြေစွာ   သွားလာလည်ပတ်နိုင်ရေး အတွက် ခရီးစဉ်ဒေသသန့်ရှင်းသာယာလှပရေးနှင့် အမှိုက် ကင်းစင်ရေးတို့ကို ထိထိရောက်ရောက် ဆောင်ရွက်ရမည်  ဖြစ်ကြောင်း၊    ခရီးစဉ်ဒေသများ   ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၊ ဟိုတယ်နှင့်  ခရီးသွားလုပ်ငန်းရှင်များနှင့်    ပြည်သူများ အနေဖြင့် ယခုထက် ပိုမိုပါဝင်ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊    တောင်ငူမြို့သည်    ရှေးဟောင်းသမိုင်းဝင် မြို့တစ်မြို့ဖြစ်သည်နှင့်အညီ အလားအလာရှိသည့်ခရီးစဉ် ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာကဏ္ဍ အလိုက် ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
 
ထို့နောက် ဌာနဆိုင်ရာများနှင့် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းရှင်များက         ဒေသတွင်းခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှုများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းလိုင်စင် လျှောက်ထားမှုနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများကို မေးမြန်းဆွေးနွေးတင်ပြကြရာ ဒုတိယ ဝန်ကြီးက ပြန်လည်ရှင်းလင်းဖြေကြားသည်။ 
ယင်းနောက်  ဒုတိယဝန်ကြီးသည်  လူထုအခြေပြု ခရီးသွားလုပ်ငန်း(CBT) ဖော်ဆောင်မည့် ပသိရေလှောင်တမံ ၏ ဆိပ်ဖူးတောင် ရေပိုလွှဲဆည်နှင့် ဆိပ်ဖူးတောင်ကျေးရွာနှင့် ရေတာရှည်မြို့နယ် နန်ချွန်ကျေးရွာ သစ်တောကျောင်းဝင်း အတွင်း၌ 2nd World War Memorial Park တည်ဆောက် မည့် စီမံကိန်းနေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။ 
 
သတင်းစဉ်