‌ဒုတိယဝန်ကြီး ဦးဝင်းဖေ ညောင်ဦးမြို့နယ်အတွင်းရှိ လမ်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ပုဂံ - ညောင်ဦး - ကျောက်ပန်းတောင်း - ဂွေးချို - ရေနံချောင်း BOT လမ်းပိုင်း ပြုပြင်ထိန်းသိမ်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော်  ဇွန်   ၁
ဆောက်လုပ်ရေး      ဝန်ကြီးဌာန ဒုတိယဝန်ကြီး    ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ    ယနေ့ နံနက်ပိုင်းတွင်  ညောင်ဦးမြို့နယ် အတွင်း လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်မည့် ညောင်ဦး လေဆိပ်လမ်းဆုံမှ     ပုဂံမြို့သစ် အဝင်လမ်း(လမ်းသစ်)၊ ချောက်-စဉ့်ကူ-ပုဂံလမ်း၊     ကျောက်ပန်း တောင်း-ညောင်ဦး-ပုဂံလမ်းနှင့် ညောင်ဦး-မြင်းခြံလမ်း (မြို့တွင်း လမ်း) တို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက်     ဒုတိယဝန်ကြီး သည်  BOT စနစ်ဖြင့် ဆောင်ရွက် လျက်ရှိသည့် နှင်းသဇင်ကုမ္ပဏီမှ ဂွေးချို-ချောက်လမ်းပိုင်း     လမ်း ပေါက်ပြုပြင်ခြင်း၊ လမ်းပခုံးမြေနီ ကျောက်စရစ်ခင်းခြင်းနှင့်  ရေပိတ် လွှာလောင်းခြင်းလုပ်ငန်း ဆောင် ရွက်နေမှုကို        လည်းကောင်း၊ ရန်ကုန် -   ပြည် -   မန္တလေးလမ်း (ဂွေးချို-   ရေနံချောင်းလမ်းပိုင်း) လမ်းပေါက်များနှင့် လမ်းပခုံးများ ပြုပြင်    ဆောင်ရွက်ခြင်းလုပ်ငန်း များကိုလည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေးပြီး ဂွေးချိုတိုးဂိတ် အနီးရှိ  ကောင်းမွန်ကုမ္ပဏီလမ်း လုပ်ငန်းရှင်းလင်းဆောင်၌    BOT ကုမ္ပဏီမှ     တာဝန်ရှိသူများနှင့် တွေ့ဆုံကာ   လမ်းပေါက်များမရှိ စေရေးနှင့် လမ်းပခုံးများကို မြေနီ ကျောက်စရစ်ဖြင့်    ခင်းနိုင်ရေး အမြန်ပြင်ဆင်     ဆောင်ရွက်ရန်၊ လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည် စေရေး၊     လမ်းဘေးချုံနွယ်များ ရှင်းလင်းရေး  ဆောင်ရွက်သွားရန်၊ BOT စနစ်ဖြင့် ဆောင်ရွက်လျက် ရှိသည့်      ကုမ္ပဏီများအနေဖြင့် မိမိတို့         ဆောင်ရွက်နေသည့် လုပ်ငန်းစီမံကိန်းကို နှစ်လအတွင်း အပြီး    ဆောင်ရွက်ရေး    စီမံချက် ချမှတ်ဆောင်ရွက်ရန်၊       ဌာနမှ တာဝန်ရှိသည့် အင်ဂျင်နီယာချုပ် များ၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး(မြို့ပြ)  များ၊  ခရိုင်၊   မြို့နယ် လမ်းအင်ဂျင်နီယာများ  အနေဖြင့် မိမိလမ်းဧရိယာ  နယ်မြေအတွင်း လမ်းများ      ပျက်စီးမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး၍ BOT ကုမ္ပဏီ များသို့    အချိန်မီပြုပြင်နိုင်ရေး အလေးထား ကြပ်မတ်ဆောင်ရွက် သွားရန် မှာကြားသည်။
ယင်းနောက်    ဒုတိယဝန်ကြီး သည်    ရန်ကုန်-ပြည်-မန္တလေး လမ်း (ရေနံချောင်းမြို့ရှောင်လမ်း ပိုင်း)  လမ်းပေါက်ပြုပြင်ခြင်းနှင့် ရေပိတ်လွှာလောင်းခြင်း လုပ်ငန်း ကို    ကြည့်ရှုစစ်ဆေးပြီး    ကံပြား လမ်းဆုံအနီးရှိ ကောင်းမွန်ကုမ္ပဏီ လမ်းလုပ်ငန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ကုမ္ပဏီမှ တာဝန်ရှိသူ က      လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို     ရှင်းလင်းတင်ပြ သည်။
ဆက်လက်၍  ဒုတိယဝန်ကြီး သည် မကွေးမြို့အဝင် မုခ်ဦးအနီး ကောင်းမွန်ကုမ္ပဏီမှ AC ကတ္တရာ ခင်းခြင်းလုပ်ငန်း       ဆောင်ရွက် ပြီးစီးမှုအခြေအနေကို     လည်း ကောင်း၊ ရန်ကုန်-ပြည်-မန္တလေး (မကွေး - တောင်းတွင်းကြီးလမ်း ပိုင်း)ကို  Max Highways ကုမ္ပဏီ မှ ရေပိတ်လွှာလောင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း သွားရောက်ကြည့်ရှု     စစ်ဆေးခဲ့ ကြောင်း သတင်းရရှိသည်။
 သတင်းစဉ်