ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နယူးဒေလီမြို့၌ ကျင်းပသည့် ဒုတိယအကြိမ် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးအတွင်း အိန္ဒိယဝန်ကြီးချုပ်အား စုပေါင်းတွေ့ဆုံ

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နယူးဒေလီမြို့၌ ကျင်းပသည့်
ဒုတိယအကြိမ် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးအတွင်း အိန္ဒိယဝန်ကြီးချုပ်အား စုပေါင်းတွေ့ဆုံပြီး ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်  နိုင်ငံခြားရေးဝန်ကြီးများနှင့် သီးခြားစီတွေ့ဆုံ

 

နေပြည်တော်  ဇူလိုင်  ၁၃
ဒုတိယဝန်ကြီးချုပ်နှင့်     နိုင်ငံခြားရေး ဝန်ကြီးဌာန       ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် နယူးဒေလီမြို့၌ ကျင်းပ သည့် ဒုတိယအကြိမ် ဘင်းမ်စတက်နိုင်ငံ ခြားရေးဝန်ကြီးများ၏  သီးသန့်အစည်း အဝေးအတွင်း   အိန္ဒိယဝန်ကြီးချုပ် ရှရီ နာရန်ဒရာမိုဒီ အား အခြားသော  ဘင်းမ် စတက်နိုင်ငံခြားရေးဝန်ကြီးများနှင့်အတူ   ဇူလိုင် ၁၂ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင်   နယူးဒေလီမြို့ရှိ အိန္ဒိယဝန်ကြီးချုပ်အိမ်တော်၌ စုပေါင်း တွေ့ဆုံသည်။
အလားတူ    ဒုတိယဝန်ကြီးချုပ်နှင့်    နိုင်ငံခြားရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီးသည် ဇူလိုင် ၁၁ ရက်  ဒေသစံတော် ချိန် မွန်းတည့် ၁၂  နာရီတွင် ထိုင်းနိုင်ငံခြား ရေးဝန်ကြီးမစ္စတာ မာရစ်ဆတ်ငီယမ်ဖုန် နှင့်လည်းကောင်း၊ ညနေ ၆ နာရီ ၁၅ မိနစ် တွင်     အိန္ဒိယပြည်ပရေးရာဝန်ကြီး ဒေါက်တာအက်စ်ဂျိုင်ရှန်ကာနှင့် လည်း ကောင်း၊ ညနေ ၆ နာရီခွဲတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး   ဒေါက်တာ မိုဟာမတ်ဟာဆန်မာမွတ်နှင့်   လည်း ကောင်း နယူးဒေလီမြို့ရှိ    တာ့ဂျ်ပဲလေ့စ် ဟိုတယ်၌ သီးခြားစီ  တွေ့ဆုံခဲ့သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံ စဉ်   မြန်မာနှင့် ထိုင်း   နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု  ပိုမိုတိုးတက် ခိုင်မာစေရေး၊   နှစ်နိုင်ငံ    အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ   မြှင့်တင်ရေး၊ ဘင်းမ်စတက်နှင့်  မဲခေါင် - လန်ချန်း  ပူးပေါင်းဆောင်ရွက်မှု   မူဘောင်များ အောက်တွင်   ပိုမိုနီးကပ်စွာ    ပူးပေါင်း ဆောင်ရွက်သွားရေး  ကိစ္စရပ်များအပေါ် ခင်မင်ရင်းနှီးစွာ      အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက တရားမဝင်မူးယစ်ဆေးဝါး နှင့် လက်နက်ရောင်းဝယ်ဖောက်ကားမှု များ၊ လူကုန်ကူးမှုများ၊ အွန်လိုင်းလိမ်လည် မှုများ တိုက်ဖျက်ရေးတို့တွင် ထိုင်းနိုင်ငံက မြန်မာနိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက် နေမှုများအပေါ် ကျေးဇူးတင်အသိအမှတ် ပြုကြောင်း  ထည့်သွင်းပြောကြားခဲ့သည်။
အိန္ဒိယ  ပြည်ပရေးရာဝန်ကြီးနှင့် တွေ့ဆုံစဉ် နိုင်ငံတော်အစိုးရ၏  ငြိမ်းချမ်း ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်    ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင် ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏   လက်ရှိ ဖြစ်ပေါ်တိုးတက်မှု    အခြေအနေများကို     ထည့်သွင်းရှင်းလင်း    ပြောကြားခဲ့ပြီး       ပေါင်းစည်းဆက်နွှယ်      ချိတ်ဆက်မှု   လုပ်ငန်းများ၊ နယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းရေးအတွက်  မြန်မာ-အိန္ဒိယ  နှစ်နိုင်ငံတို့အကြား   ပူးပေါင်း ဆောင်ရွက်မှု ပိုမိုတိုးမြှင့်သွားရေးကိစ္စရပ် များကို ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
 ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ်  မြန်မာနှင့်  ဘင်္ဂလားဒေ့ရှ်   နှစ်နိုင်ငံအကြား  ချစ်ကြည်ရင်းနှီးမှု    ပိုမို တိုးတက်ခိုင်မာစေရေး၊   နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ပြည်သူအချင်းချင်းထိတွေ့ ဆက်ဆံရေးအပါအဝင်    အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး တို့ကိုဆွေးနွေးခဲ့ကြပြီး မြန်မာ - ဘင်္ဂလား ဒေ့ရှ်ကုန်သည်ကြီးများ     အသင်းများ အကြား  ပူးပေါင်းဆောင်ရွက်ရေးအပေါ်    အမြင်ချင်းဖလှယ်ခဲ့ကြသည်။   ထို့ပြင် ဝန်ကြီး   နှစ်ဦးသည်   ဘင်းမ်စတက် မျက်နှာစာတွင် ပိုမိုနီးကပ်စွာ   ပူးပေါင်း ဆောင်ရွက်သွားရေးအပေါ်   ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲများသို့    မြန်မာ ကိုယ်စားလှယ်အဖွဲ့ဝင်များ ဖြစ်ကြသည့် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်၊  အပြည်ပြည်ဆိုင်ရာ  အဖွဲ့အစည်းများနှင့်  စီးပွားရေးဦးစီးဌာန       ညွှန်ကြားရေးမှူးချုပ် ဦးကျော်ညွန့်ဦးနှင့်  နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ      တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။   
သတင်းစဉ်