ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တီဟီရန်မြို့၌ ကျင်းပသည့် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သမ္မတသစ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားတက်ရောက်

 

တီဟီရန်   ဇူလိုင်   ၃၁  


အီရန်အစ္စလာမ်မစ်သမ္မတ   နိုင်ငံ  လွှတ်တော်ဥက္ကဋ္ဌ  မစ္စတာ  မိုဟာ မက်      ဘက်ဂါ      ဂါလီဘာ့ဖ်၏ ဖိတ်ကြားချက်အရ   အီရန်နိုင်ငံ၌ ရောက်ရှိနေသော ဒုတိယဝန်ကြီး ချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည်  ယမန်နေ့က တီဟီရန်မြို့ရှိ   အီရန်လွှတ်တော်၌   ကျင်းပသည့်  အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သမ္မတသစ်   မစ္စတာ    မာဆော့ ပါဇက်ရှ်ကီရမ်၏        ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားသို့ တက် ရောက်သည်။


ကျမ်းသစ္စာကျိန်ဆိုပွဲ   အခမ်း အနားမစတင်မီ    စုပေါင်းဓါတ်ပုံ  ရိုက်ကြရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန    ပြည် ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အခြားသော ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များနှင့်အတူ    ပါဝင် ခဲ့သည်။


မိန့်ခွန်းပြောကြား


အဆိုပါ ကျမ်းသစ္စာကျိန်ဆိုပွဲ  အခမ်းအနားသို့ နိုင်ငံပေါင်း (၈၀)  ကျော်မှ     နိုင်ငံ့အကြီးအကဲများ၊ အစိုးရအဖွဲ့        အကြီးအကဲများ၊ လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံခြားရေး ဝန်ကြီးများနှင့်    အထူးကိုယ်စား လှယ်များ     တက်ရောက်ကြပြီး ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား ၌ အစီအစဉ်အရ အီရန်လွှတ်တော် ဥက္ကဋ္ဌ မစ္စတာ မိုဟာမက် ဘက်ဂါ  ဂါလီဘာ့ဖ် က  အဖွင့်အမှာစကား ပြောကြားကာ အီရန်တရားသူကြီး ချုပ်  မစ္စတာ  မိုဆယ်နီ  အီဂျဲ  က မိန့်ခွန်းပြောကြားခဲ့သည်။


ထို့နောက်  အီရန်သမ္မတသစ်  မစ္စတာ မာဆော့ ပါဇက်ရှ်ကီရမ် က ကျမ်းသစ္စာကျိန်ဆို၍ မိန့်ခွန်း တစ်ရပ်    ပြောကြားကာ     အီရန် လွှတ်တော်ဥက္ကဋ္ဌ  မစ္စတာ  မိုဟာ မက်   ဘက်ဂါ   ဂါလီဘာ့ဖ်    က အပိတ်မိန့်ခွန်း    ပြောကြားပြီး ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနား ကို ရုပ်သိမ်းခဲ့သည်။


တက်ရောက်
ညနေပိုင်းတွင် ဒုတိယဝန်ကြီး ချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည်     အီရန်သမ္မတ      မစ္စတာ မာဆော့    ပါဇက်ရှ်ကီရမ်     က တည်ခင်းဧည့်ခံသော   ဂုဏ်ပြု ညစာစားပွဲသို့         အခြားသော နိုင်ငံများမှ     ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များနှင့်အတူ တက် ရောက်သည်။


ဆွေးနွေးပြောကြား
အီရန်နိုင်ငံသို့    ရောက်ရှိစဉ် ဒုတိယဝန်ကြီးချုပ်နှင့်      ပြည် ထောင်စုဝန်ကြီးသည် နိုင်ငံတော် အစိုးရ၏    ငြိမ်းချမ်းရေး၊     ဖွံ့ဖြိုး  တိုးတက်ရေးနှင့်            ဒီမိုကရေစီ  ဖော်ဆောင်ရေးအတွက် ကြိုးပမ်း  ဆောင်ရွက်နေမှုများနှင့် မြန်မာ နိုင်ငံ၏ လက်ရှိဖြစ်ပေါ် တိုးတက်မှု  အခြေအနေများကို အခမ်းအနား တက်ရောက်လာကြသည့်ကိုယ်စား လှယ်အဖွဲ့ခေါင်းဆောင်များအား ထည့်သွင်းဆွေးနွေး    ပြောကြား ခဲ့သည်။


တီဟီရန်မြို့၌    ပြုလုပ်သည့်  ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား သို့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး      ဦးသန်းဆွေနှင့်အတူ နိုင်ငံခြားရေး        ဝန်ကြီးဌာနမှ တာဝန်ရှိသူများလည်း ပါဝင်တက် ရောက်ခဲ့ကြသည်။


ပို့ဆောင်ပြသ
ခရီးစဉ်အတွင်း အိမ်ရှင်အီရန် အစိုးရက ကိုယ်စားလှယ်အဖွဲ့များ အား တီဟီရန်မြို့ရှိ အီရန်အမျိုး သားပြတိုက်နှင့် အီရန်ရှေးဟောင်း  သုတေသနနှင့်အနုပညာပြတိုက် တို့သို့ ပို့ဆောင်ပြသပေးကြသည်။


အီရန်အစ္စလာမ်မစ်  သမ္မတ နိုင်ငံ သမ္မတသစ် မစ္စတာ မာဆော့  ပါဇက်ရှ်ကီရမ် အား ၁၉၅၄ ခုနှစ် တွင် မွေးဖွားခဲ့ပြီး ၎င်းသည် နှလုံး ခွဲစိတ်ဆရာဝန်တစ်ဦး ဖြစ်သည်။ ‌၁၉၉၇   ခုနှစ်တွင်    ကျန်းမာရေး ဒုတိယဝန်ကြီးအဖြစ်        လည်း ကောင်း၊ ၂၀၀၁ ခုနှစ်မှ ၂၀၀၅ ခုနှစ် အထိ  ကျန်းမာရေးဝန်ကြီးအဖြစ် လည်းကောင်း၊      ၂၀၁၆     ခုနှစ်မှ ၂၀၂၀     ပြည့်နှစ်အထိ      အီရန် လွှတ်တော်   ဒုတိယဥက္ကဋ္ဌအဖြစ် လည်းကောင်း      ရာထူးတာဝန် အသီးသီး       တာဝန်ထမ်းဆောင်ခဲ့ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်