
နေပြည်တော် ဇူလိုင် ၅
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (United Nations Population Fund-UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စား လှယ်အဖြစ် တာဝန်ထမ်းဆောင်မည့် Mr. Jaime Nadal Roig သည် ၎င်း၏ ခန့်အပ်လွှာကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြား ရေးဝန်ကြီးဌာန၌ လာရောက်ပေးအပ်သည်။
အမြင်ချင်းဖလှယ်
ထိုသို့ လာရောက်ပေးအပ်စဉ် UNFPA ၏ မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ အမြင်ချင်း ဖလှယ်ခဲ့ကြသည်။
အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီး များနှင့် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့မှ ဒုတိယဌာနေကိုယ်စားလှယ် တို့ တက်ရောက်ကြသည်။
သတင်းစဉ်