ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တရုတ် - တောင်အာရှ ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်မိန့်ခွန်းပြောကြား

 

နေပြည်တော်   ဇူလိုင်   ၂၄


(၈)ကြိမ်မြောက်   တရုတ် - တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၈)ကြိမ်မြောက် တရုတ် (ကူမင်း)    ပို့ကုန်  သွင်းကုန်ပြပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့  ဒေသစံတော် ချိန် နံနက် ၉ နာရီခွဲတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပရာ     ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေ၊     တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပြည်သူ့ကွန်ဂရက် အမြဲတမ်း ကော်မတီ    ဒုတိယဥက္ကဋ္ဌ     မစ္စတာ တင်းကျုံ့လီ၊ သီရိလင်္ကာနိုင်ငံ လွှတ်တော် ဥက္ကဋ္ဌ၊  လာအိုနိုင်ငံ  ဒုတိယဝန်ကြီးချုပ်၊ မော်လ်ဒိုက်နိုင်ငံ ဒုတိယလွှတ်တော်ဥက္ကဋ္ဌ နှင့် နီပေါနိုင်ငံ ဒုတိယလွှတ်တော်ဥက္ကဋ္ဌတို့ တက်ရောက်    အဖွင့်မိန့်ခွန်းပြောကြား ကြသည်။


ကုန်သွယ်မှုကောင်းမွန်


ဒုတိယဝန်ကြီးချုပ်က  အဖွင့်မိန့်ခွန်း ပြောကြားရာတွင်  ယခုကဲ့သို့  ကုန်စည် ပြပွဲကို နှစ်စဉ်  ဖိတ်ခေါ်ကျင်းပပြုလုပ် သည့်အပေါ် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ်     ပြည်သူ့အစိုးရကို ကျေးဇူးတင်ရှိကြောင်း၊ မြန်မာနိုင်ငံသည် လူဦးရေ  ၃ ဒသမ ၂ ဘီလီယံ အခြေချ နေထိုင်လျက်ရှိသော   အိမ်နီးချင်းနိုင်ငံ (၅) နိုင်ငံ၏  အလယ်တွင်ရှိပြီး သဘာဝ သယံဇာတနှင့်     လူသားအရင်းအမြစ် ကြွယ်ဝသော   အခြေခံကောင်းများရှိကာ အိန္ဒိယသမုဒ္ဒရာတွင်     ရှည်လျားသည့် ကမ်းရိုးတန်းပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ် ၍ ရင်းနှီးမြှုပ်နှံမှုနှင့်  ကုန်သွယ်မှုအလား အလာ အလွန်ကောင်းမွန်သော နိုင်ငံဖြစ် ကြောင်း၊  တရုတ်နိုင်ငံနှင့် တောင်အာရှ နိုင်ငံများအကြား     စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများကို    ပေါင်းစပ်ပေးနိုင် သည့်အတွက်   မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံမှုများ ပိုမိုပြုလုပ်သွားရန် ဖိတ်ခေါ် ပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။


အဆိုပါ ကုန်စည်ပြပွဲကို အရှေ့တောင် အာရှ ၁၀ နိုင်ငံနှင့်   တောင်အာရှ  ၈  နိုင်ငံ တို့မှ        အစိုးရကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး ပြပွဲကို ဇူလိုင် ၂၃ ရက်မှ ၂၈ ရက်အထိ   ကျင်းပလျက်ရှိကာ နိုင်ငံ ပေါင်း  ၈၂  နိုင်ငံမှ ကုမ္ပဏီပေါင်း ၂၀၀၀ ကျော်က ပြခန်းပေါင်း  ၈၀၀  ကျော် ပါဝင် ပြသလျက်ရှိသည်။     ကုန်စည်ပြပွဲသို့ ဒုတိယဝန်ကြီးချုပ်နှင့်     နိုင်ငံခြားရေး ဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီးနှင့် စီးပွားရေးနှင့်    ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန       ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့်   မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များ၊      မြန်မာနိုင်ငံကုန်သည် များနှင့်      စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ  ဦးဆောင်သည့်အဖွဲ့ဝင်  ၃၇   ဦး၊    မြန်မာ့စီးပွားရေးလုပ်ငန်းရှင်  ၈၈  ဦးတို့    တက်ရောက်ခဲ့ကြသည်။ ကုန်စည်ပြပွဲ၌    မြန်မာနိုင်ငံမှ    ကုမ္ပဏီ ၂၄ ခု   က   ပြခန်းပေါင်း ၂၆ ခု ပါဝင်ပြသ လျက်ရှိသည်။


ပြခန်းများကြည့်ရှု


မြန်မာကိုယ်စားလှယ်    အဖွဲ့သည် ကုန်စည်ပြပွဲရှိ အပြည်ပြည်ဆိုင်ရာ  ပြခန်း များကို  လှည့်လည်ကြည့်ရှုခဲ့ပြီး    မြန်မာ နိုင်ငံမှ   လယ်ယာထွက်ကုန်များ၊ လက်မှု ပစ္စည်းများ၊       ကျောက်မျက်ရတနာ များ   ခင်းကျင်းပြသထားသည့်   မြန်မာ ပြခန်းများသို့    သွားရောက်ကြည့်ရှု အားပေးခဲ့သည်။


တရုတ်−တောင်အာရှကုန်စည်ပြပွဲကို တရုတ်နိုင်ငံနှင့်     တောင်အာရှနိုင်ငံများ အကြား ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက် မှု    ပိုမိုတိုးမြင့်စေရေးနှင့်   ပြည်သူများ အကြား ကူးလူးဆက်ဆံမှု   ပိုမိုများပြား လာစေရေး  ရည်ရွယ်ချက်များဖြင့် ၂၀၁၃ ခုနှစ်မှစတင်၍    ယူနန်ပြည်နယ်၊ ကူမင်း မြို့၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ကုန်စည်  ပြပွဲကို  “စည်းလုံးညီညွတ်မှုနှင့်   ဘုံဖွံ့ဖြိုး တိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက် ရေး” ခေါင်းစဉ်ဖြင့်  ကျင်းပလျက်ရှိသည်။


ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန      ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍     စီးပွားရေးနှင့်    ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးလိုက်ပါသော    မြန်မာကိုယ်စား လှယ်အဖွဲ့သည်   ယနေ့မွန်းလွဲပိုင်းတွင် ကူမင်းမြို့မှ မြန်မာနိုင်ငံသို့  ပြန်လည် ထွက်ခွာခဲ့ကြပြီး မန္တလေးမြို့သို့ ရောက်ရှိ ကြရာ    သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့်     တရုတ်ပြည်သူ့ သမ္မတနိုင်ငံ မန္တလေးကောင်စစ်ဝန်ချုပ်ရုံး ခေတ္တကောင်စစ်ဝန်ချုပ် မစ္စတာ ကျန်းဝေ တို့က    မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်၌      ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။               

သတင်းစဉ်