ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ SPIC Yunnan International Power Investment Corporation သို့ သွားရောက်လေ့လာ

 

နေပြည်တော်    ဇူလိုင်  ၂၅


ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့သို့  ရောက်ရှိစဉ်  ဇူလိုင်  ၂၄  ရက်က SPIC Yunnan International Power Investment Corporation သို့ သွားရောက်လေ့လာကြရာ     မြန်မာကိုယ်စားလှယ်အဖွဲ့အား     SPIC ကုမ္ပဏီ ဥက္ကဋ္ဌ မစ္စတာ ဝူကျီးချွင်က  ကြိုဆိုနှုတ်ဆက်ပြီး ၎င်းတို့ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို မိတ်ဆက်ရှင်းလင်းသည်။


ရှင်းလင်းတင်ပြ


ထို့ပြင် မစ္စတာ ဝူကျီးချွင်နှင့် အဖွဲ့သည် ၎င်းတို့ကုမ္ပဏီက မြန်မာ နိုင်ငံ၏  လျှပ်စစ်စွမ်းအားကဏ္ဍ    ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်လျက်ရှိသည့် စီမံကိန်းများကို ရှင်းလင်း တင်ပြခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်